၂၀၁၁ ခုနှစ်မှာ ပေါ်တူဂီကြယ်ပွင့်နဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ တော်တော်လေး မြင့်မားခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ဘောလုံးလောကရဲ့ အကြီးမားဆုံးပြိုင်ဆိုင်မှုကို ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။

တသက်တာအကောင်းဆုံးကစားသမား ၂ ဦးစလုံးဟာ အချိန်ကြာမြင့်စွာ အမြင့်မားဆုံးအဆင့်အတန်းမှာ စွမ်းဆောင်ပြခဲ့ကြတာဖြစ်ပြီး စံချိန်မှတ်တမ်းပေါင်းများစွာကိုလည်း ရိုက်ချိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့အတိတ်မှာ အကြိမ်ပေါင်းများစွာ ၎င်းတို့ရဲ့ ပြိုင်ဆိုင်မှုအပေါ်မှာ မေးခွန်းထုတ်ခြင်းခံခဲ့ရပြီး တစ်ဦးနဲ့တစ်ဦး လေးစားမှုနဲ့ အသိအမှတ်ပြုမှုတွေ အနည်းနဲ့အများဆိုသလို ရှိခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလိုတော့ အမြဲတမ်း ဖြစ်ခဲ့တာမဟုတ်ဘဲ ၂၀၀၈ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ အလွန်ကောင်းမွန်တဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဘလွန်ဒေါဆုကို ရော်နယ်လ်ဒိုက ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်အတွက် ဆုကို လက်ခံမရယူခင်မှာ ပေါ်တူဂီကြယ်ပွင့်ဟာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေချိန်အတွင်းမှာ "ကျွန်တော်က ပထမ၊ ဒုတိယ၊ တတိယ(ကမ္ဘာပေါ်က အကောင်းဆုံးကစားသမား)ပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ရော်နယ်လ်ဒိုဟာ ဘရာဇီးလ်ကြယ်ပွင့် ကာကာ၊ မက်ဆီ၊ ဖာနန်ဒို တောရက်စ်တို့ဟာ ကောင်းမွန်တဲ့ ဆန်ခါတင်စာရင်းဝင်ကစားသမားတွေဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ၎င်းကသာ ဘလွန်ဒေါဆုနဲ့ အထိုက်တန်ဆုံးဖြစ်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နောက်နှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပေါ်တူဂီကြယ်ပွင့်နဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ တော်တော်လေး မြင့်မားခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အာဂျင်တီးနားကြယ်ပွင့်နဲ့ ယှဉ်ပြိုင်မှုအကြောင်းကို ပွဲအပြီး အင်တာဗျူးမှာ မေးမြန်းခြင်းခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ရဲ့မှတ်ချက်က အငြင်းပွားစရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။


"ကျွန်တော် ဒီမေးခွန်းကို ဖြေမှာမဟုတ်ပါဘူး။ အားလုံးက ကျွန်တော်ဟာ မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ကစားသမားဆိုတာ သိထားပြီးသားပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိမှာ ဆော်ဒီ အာရေဗျကလပ်အသင်း အယ်လ် နက်ဆာအသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က