ပေါ်တူဂီကြယ်ပွင့်ကိုယ်တိုင်က ဝန်ခံပြောကြားခဲ့တာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဟာ ၎င်းရဲ့ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ် မက်ဆီထက် ဘယ်လွန်ဒေါဆုအရေအတွက် ပိုမို ရရှိပြီး ကစားသမားဘဝကနေ အနားယူဖို့ ဖြစ်ပါတယ်။

အဲဒီစကားကို ပြောခဲ့တဲ့သူကတော့ နှစ်စဉ် ပေးအပ်နေတဲ့ ဘယ်လွန်ဒေါဆုရဲ့ ဒါရိုက်တာ ပက်စ်ကယ် ဖီရီဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ဘယ်လွန်ဒေါ ၅ ကြိမ် ရရှိထားပေမယ့်လည်း မက်ဆီထက် ၁ ကြိမ် လျော့နည်းနေတာဖြစ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုနှစ်အတွက် ဆုရရှိဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတာဖြစ်ပြီး တကယ်လို့ ဆုရရှိခဲ့မယ်ဆိုရင် ၇ ကြိမ်အထိ ဖြစ်လာမှာဖြစ်ပေမယ့် ဖီရီက ရော်နယ်လ်ဒိုဟာ မက်ဆီထက် ဘယ်လွန်ဒေါ ၁ ကြိမ်အသာစီးရချင်နေတာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။



"ရော်နယ်လ်ဒိုမှာ တစ်ခုတည်းသော ရည်မှန်းချက်ရှိပြီး အဲဒါက ဘယ်လွန်ဒေါဆုကို မက်ဆီထက် ပိုမိုရရှိပြီး ကစားသမားဘဝကနေ အနားယူဖို့ပါ။ ကျွန်တော် ဘာလို့သိနေလဲဆိုတော့ သူ ကိုယ်တိုင် ကျွန်တော့်ကို ပြောခဲ့လို့ပါ"လို့ ဖီရီက Marca ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါက်ကြားလာတဲ့ ရလဒ်တွေကသာ ယုံကြည်ရမယ်ဆိုရင် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ ဒီနှစ်မှာလည်း ဆုတောင်းပြည့်မယ့်ပုံ ပေါ်နေခြင်း မရှိတာဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့ ဆုပေးပွဲမတိုင်မီ ယခုနှစ်ရဲ့အနိုင်ရရှိသူဟာ ယခုအပတ်အစောပိုင်းတုန်းက ပေါက်ကြားလာခဲ့ပြီး မက်ဆီက နောက်ထပ်တစ်ကြိမ် ဂုဏ်သိက္ခာကြီးမားတဲ့ တစ်ဦးချင်းဆုကို ထပ်မံ ဆွတ်ခူးတော့မယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ ပေါက်ကြားလာတဲ့ ရလဒ်အရ ကာရင် ဘန်ဇီးမားက ဒုတိယ၊ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး လီဗန်ဒေ့ါဗ်စကီးက အငြင်းပွားဖွယ် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး မက်ဆီဟာ ၂၀၁၉ ခုနှစ်မှာ ဘယ်လွန်ဒေါဆုကို နောက်ဆုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဘလွန်ဒေါဆုပေးပွဲမှာ မက်ဆီကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တဲ့ လူကာ မိုဒရစ်ဟာ ဆုရရှိကြောင်း ဖုန်းဆက်ပြောကြားခဲ့တဲ့အချိန်မှာ ကလေးတစ်ယောက်လိုမျိုး ငိုကြွေးခဲ့တယ်လို့လည်း ဖီရီက ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က