အဖေဖြစ်သူကိုယ်တိုင်ကပါ ပြောလာခဲ့တာပါ။

မက်ဆီအနေနဲ့ ဘာစီလိုနာကို ပြန်သွားဖို့အတွက် ဆန္ဒရှိနေကြောင်း ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီက အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို (၂) ရာသီကြာ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ကစားသမားဖြစ်နေပါပြီ။



မက်ဆီကို ပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာတို့ ပြီးခဲ့တဲ့ရာသီကတည်းက စိတ်ဝင်စားခဲ့ပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာလည်း အသင်းက ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဒါတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ့နေပြီး မကြာခင်မှာ မက်ဆီကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

မက်ဆီရဲ့ဖခင် ဂျော့ချ်မက်ဆီနဲ့ ဘာစီလိုနာဥက္ကဌ လာပေါ်တာတို့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေကြပြီး မက်ဆီအနေနဲ့လည်း ဘာစီလိုနာကို ပြန်သွားဖို့ ဆန္ဒရှိနေကြောင်း ဖခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ ဂျော့ချ်မက်ဆီက “မက်ဆီက ဘာစီလိုနာကို ပြန်သွားဖို့အတွက် ဆန္ဒရှိနေပါတယ်။ ကျွန်တော်လည်း သူ ဒီလိုမျိုး ပြန်သွားတာကို မြင်ချင်ပါတယ်”

“ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက်က သေချာပေါက် ရွေးချယ်မှုတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်ကတည်းက ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်နဲ့ သတင်းထွက်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဒီအသင်းရဲ့ ကမ်းလှမ်းမှုကို တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်းမရှိပါဘူး။

အယ်လ်ဟီလယ်လ်ဟာ မက်ဆီကို နှစ်နှစ်စာချုပ်အတွက် ယူရိုသန်း (၆၀၀) အထိ ပေးခေါ်သွားဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီကိုယ်တိုင်ကတော့ သူ့ရဲ့အိမ်လိုဖြစ်ခဲ့တဲ့ ဘာစီလိုနာကိုသာ ပြန်သွားဖို့ ဆန္ဒရှိနေပုံရပြီး အသင်းဘက်ကလည်း မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က