မက်ဆီ မရရအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

ပြင်သစ်သတင်းဌာန Le Monde ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ၂၀၂၁ ဘလွန်းဒီအောဆုအတွက် မက်ဆီကို ပေးဖို့ရာမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းအပေါ် လွှမ်းမိုးမှုတွေလုပ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီကလည်း တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ တစိတ်တပိုင်းပါဝင်နေတယ်လို့ ဆိုပါတယ်။ 

ထွက်ပေါ်လာခဲ့တဲ့ မှတ်တမ်းတွေအရဆိုရင် ပီအက်စ်ဂျီနဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်း ဒါရိုက်တာဟောင်းဖြစ်သူ ပါစကယ်ဖာရီတို့ကို ညွှန်ပြနေပါတယ်။ ဖာရီဟာ ၂၀၁၉ ကနေ ၂၀၂၁ အတွင်း ပီအက်စ်ဂျီဆီကနေ လက်ဆောင်တွေ အများအပြားရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် ကာတာကို မကြာခဏ ခရီးသွားလေ့ရှိခဲ့ပြီး ပီအက်စ်ဂျီအိမ်ကွင်းမှာကစားခဲ့တဲ့ အရေးကြီးချန်ပီယံလီဂ်ပွဲဆိုရင်လည်း သူက အထူးတန်းနေရာကနေ ကြည့်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ 

မက်ဆီကို ၂၀၂၁ ဘလွန်းဒီအောဆု ပေးအပ်ဖို့အတွက် ပီအက်စ်ဂျီဘက်က တွန်းအားပေးမှုတွေလုပ်ခဲ့တယ်လို့ သံသယဝင်ခံနေရတာပါ။ ဒါရိုက်တာဖြစ်သူ ဖာရီကနေတဆင့် ဒီလိုတွေလုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံနေရပြီး မက်ဆီရရှိခဲ့တဲ့ ဘလွန်းဒီအောဆုဟာ မျက်နှာလိုက်ရွေးချယ်ခံခဲ့ရတယ်လို့ပါ အပုပ်ချခံနေရပါတယ်။

အဆိုပါနှစ်က မက်ဆီဟာ လီဝန်ဒေါစကီးနဲ့ အဓိကပြိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ထပ်ပြိုင်ဘက်အဖြစ် ဂျော်ဂျင်ဟိုရှိနေပြီး မက်ဆီဟာ ကိုပါအမေရိကဖလားဆွတ်ခူးခဲ့ပြီး ဘလွန်းဒီအောဆုကို ရရှိခဲ့တာကြောင့် အဲဒီတုန်းကလည်း ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က