ကာတာဘုရင်က ချီးမြှင့်ခဲ့တဲ့ ခြုံလွှာပါ။

ကမ္ဘာ့ဖလားဆုကို မက်ဆီရယူဖို့အတွက် ပွဲကြည့်စင်ပေါ်တက်ရောက်ခဲ့ချိန်မှာ ကာတာဘုရင်က သူ့ကို ခြုံထည်လွှာတခု ဆင်မြန်းပေးခဲ့ပြီး ဂုဏ်ပြုခဲ့ပါတယ်။ မက်ဆီဟာ အဆိုပါခြုံထည်လွှာကို ဝတ်ဆင်လျက်နဲ့ပဲ ဆုဖလားရယူကာ အောင်ပွဲခံခဲ့ပြီး ဒီဆင်မြန်းခဲ့ရတဲ့ အရာက ဘာလဲဆိုတာ အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။ အနားသတ်မှာ ရွှေကွပ်ထားတဲ့ ဒီခြုံထည်က ကာတာတော်ဝင်တွေနဲ့ အောင်ပွဲရစစ်သည်တော်တွေသာ ဝတ်ဆင်ခွင့်ရတဲ့ ခြုံထည်ဖြစ်ပြီး Bisht လို့ ခေါ်ပါတယ်။ 

အခုအခါမှာတော့ မက်ဆီရရှိခဲ့တဲ့ အဲဒီခြုံထည်ကို ဒေါ်လာ ၁ သန်းပေးဝယ်ဖို့ ကမ်းလှမ်းခံလိုက်ရပါပြီ။ မက်ဆီကို ဒီလိုဂုဏ်ပြုဝတ်ဆင်အပြီးမှာ Bisht ကို စိတ်ဝင်စားမှုတွေများပြားလာခဲ့ပြီး ဝယ်ယူဖို့ကမ်းလှမ်းခဲ့တဲ့သူကတော့ အိုမန်ရှေ့နေတဦးလည်းဖြစ်၊ ပါလီမန်အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ အာမက်အယ်လ်ဘာဝါနီဆိုသူဖြစ်ပါတယ်။ 



သူ့ရဲ့ တွစ်တာကနေ ဒေါ်လာ ၁ သန်းနဲ့ ဝယ်ယူချင်တယ်လို့ ရေးသားပြောဆိုခဲ့တာဖြစ်ပြီး မက်ဆီအနေနဲ့ ပြန်လည်ရောင်းချမယ်ဆိုရင်တောင် များပြားလှတဲ့ ငွေကြေးတွေကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မက်ဆီအတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုခံရမှုရဲ့ သင်္ကေတဖြစ်တာကြောင့် ရောင်းချဖွယ်တော့မရှိဘူးလို့ ခန့်မှန်းရပါတယ်။ 

ကာတာဘုရင်က မက်ဆီဟာ အာဂျင်တီးနားအတွက် တိုက်ပွဲဆင်နွှဲအောင်မြင်ခဲ့တဲ့ စစ်သည်တဦးလို့ သတ်မှတ်ကာ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကာတာပြင်ပမှာ ဆင်မြန်းခွင့်ရတဲ့ ပထမဆုံးသောလူပုဂ္ဂိုလ်လို့တောင်မှ ထင်မြင်ရပြီး မက်ဆီကို အဆုံးစွန်အထိ ကာတာဘက်က ဂုဏ်ပြုခဲ့ကာ ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်တခုဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က