ခါတိုင်းဆိုရင် လူမှုကွန်ယက်ပေါ်ကနေ ဆုတောင်းပေးတဲ့သူတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ကျရောက်ခဲ့တဲ့ လီယွန်နယ်မက်ဆီရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့မှာ ဘာစီလိုနာကစားသမားတဦးကမှ မွေးနေ့ဆုတောင်းမှုပြုလုပ်ပေးတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ The Football Arena က ဖော်ပြခဲ့တာဖြစ်ပြီး ဘာကာကစားသမားတွေက အသင်းခေါင်းဆောင်းဟောင်းနဲ့ အသင်းဂန္ထဝင်ကစားသမားတဦးကို လူမှုကွန်ရက်ပေါ်ကနေ ဆုတောင်းပေးတာမျိုး လုံး၀မရှိခဲ့တာဖြစ်ပါတယ်။ 

မက်ဆီဟာ သူ့ရဲ့မွေးနေ့ကိုတော့ ကိုယ်ပိုင်ကျွန်းတကျွန်းပေါ်မှာ ကျင်းပခဲ့ပြီး တက်ရောက်ခဲ့သူတွေထဲမှာတော့ ဘာကာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဖာဘရီဂတ်စ်နဲ့ ဆွာရက်ဇ်တို့ ပါဝင်ခဲ့တယ်လို့ Nixolympia ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာမှာ လက်ရှိကစားနေသူအများစုဟာ မက်ဆီနဲ့ အသင်းဖော်တွေဖြစ်ခဲ့သူတွေဖြစ်ပြီး အခုလိုမျိုး ဆုတောင်းမပေးခဲ့မှုက အံ့အားသင့်စရာတော့ကောင်းနေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း မက်ဆီရဲ့ မွေးရပ်မြို့ဖြစ်တဲ့ Rosario မှာတော့ က​ျောင်းသူကျောင်းသားကလေးငယ်ပေါင်း ၅၀၀၀ အထိ စုရုံးကာ မွေးနေ့သီချင်းသီဆိုပြီး ဆုမွန်ကောင်းတောင်းပေးမှုတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။အာဂျင်တီးနားအလံတွေကို ကိုင်ဆောင်ခဲ့ပြီးနောက် ကလေးငယ်တွေက သံပြိုင်သီဆိုတာကာ ဆုတောင်းပေးနေခဲ့ပြီး သူတို့နိုင်ငံရဲ့ နာမည်ကျော်ကစားသမားမွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ 

မက်ဆီနဲ့ ဇနီးဖြစ်သူ အန်တိုနီလာရိုကိုးဇို၊ သူတို့ရဲ့ ကလေးတွေဖြစ်တဲ့ သီယာဂို၊ မက်တီယိုနဲ့ ကိုင်ရိုတို့ဟာ ဖာဘရီဂတ်စ်တို့ ဇနီးမောင်နှံနဲ့အတူ ကျွန်းပေါ်က တပတ်ကို ပေါင် ၂၅၀၀၀၀ ကျသင့်တဲ့ အိပ်ခန်းခြောက်ခန်းပါ ဇိမ်ခံအိမ်ကြီးမှာ တည်းခိုခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါကျွန်းပေါ်မှာပဲ မက်ဆီရဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဘောလုံးသမားတွေထဲက ဖာဘရီဂတ်စ်နဲ့ ဆွာရက်ဇ်တို့နှစ်ဦးတည်းကိုသာ မြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က