ဘက်ခမ်းကတော့ မက်ဆီရဲ့အကြီးစားပရိသတ်တစ်ယောက်ပါပဲ။

မနေ့က မနက်အစောပိုင်းက ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ ဒါးလက်စ်တို့ရဲ့ပွဲမှာ မက်ဆီရဲ့ နောက်ကျဖရီးကစ်သွင်းဂိုးအတွက် အင်တာမိုင်ယာမီပိုင်ရှင် ဘက်ခမ်းရဲ့ အောင်ပွဲခံဟန်က ပရိသတ်တွေအကြား ရေပန်းစားလျက်ရှိပါတယ်။ ဒီပွဲမှာ အင်တာမိုင်ယာမီတို့ အဝေးကွင်းမှာ နောက်ကလိုက်ကစားပြီး လေးဂိုးစီသရေကျခဲ့တာပါ။



အင်တာမိုင်ယာမီအတွက် အဖိုးတန်ချေပဂိုးကို မက်ဆီက ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး ဒီသွင်းဂိုးကြောင့်ပဲ မက်ဆီလည်း အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးရှုံးပွဲကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ နောက်ထပ် ပြောစရာဖြစ်ခဲ့တာကတော့ အင်တာမိုင်ယာမီပိုင်ရှင် ဘက်ခမ်းရဲ့ အောင်ပွဲခံဟန်ပါပဲ။

ဘက်ခမ်းဟာ မက်ဆီရဲ့ ဖရီးကစ်ဂိုးဝင်သွားချိန်မှာ လက်နှစ်ဖက်ကို ဆန့်တန်းကာ အောင်ပွဲခံခဲ့ပြီး ပရိသတ်တွေကတော့ ဒီဂန္တဝင်ဟောင်းကြီးရဲ့ အောင်ပွဲခံဟန်အပေါ် နှစ်သက် သဘောကျနေကြပါတယ်။ ဘက်ခမ်းဟာ မက်ဆီ အင်တာမိုင်ယာမီကို ရောက်ရှိလာကတည်းက အသင်းရဲ့ပွဲတိုင်းကို မလွတ်တမ်း ကြည့်ရှုအားပေးနေတာပါ။

မက်ဆီကို မေဂျာလိဂ်ဆီ ခေါ်ယူနိုင်ဖို့အတွက် ဘက်ခမ်းက အဓိကကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး မက်ဆီနဲ့သူနဲ့အကြားမှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားပါတယ်။ ဘက်ခမ်းဟာ မက်ဆီရဲ့ အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်ကိုလည်း ကွင်းဘေးမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့သူပါ။

ဒါ့အပြင် မက်ဆီရဲ့ အင်တာမိုင်ယာမီကစားသမားဘဝ ပထမဆုံးပွဲဦးထွက်ကိုလည်း ဘက်ခမ်းက ကွင်းအတွင်းမှာ ကြည့်ရှုအားပေးခဲ့ပြီး မက်ဆီ ဂိုးသွင်းခဲ့ချိန်မှာလည်း ပွဲကြည့်စင်ပေါ်ကနေ မျက်ရည်တွေဝဲရင်း အောင်ပွဲခံသွားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က