မက်ဆီက မနေ့ကမှ ဖရီးကစ်ကတစ်ဆင့် ဂိုးသွင်းယူထားခဲ့တာပါ။

ဘောလုံးရုပ်သံဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီလိုင်နီကာဟာ မက်ဆီရဲ့ ခြေစွမ်းပိုင်း အချက်အလက်တွေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာကတစ်ဆင့် ချီးကျူးသွားခဲ့ပါတယ်။ မနေ့က မနက်ပိုင်းမှာ ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ အီကွေဒေါပွဲမှာ မက်ဆီက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဖရီးကစ်ကတစ်ဆင့် သွင်းယူခဲ့ပါတယ်။



ဒီသွင်းဂိုးကြောင့်ပဲ မက်ဆီက သူ့ရဲ့ ကစားသမားဘဝအတွက် အံ့အားသင့်ဖွယ်ကောင်းတဲ့ အချက်အလက်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ဆီဟာ (၂၀၁၈) ခုနှစ်ကစတင်ပြီး ဖရီးကစ်နဲ့ ပင်နယ်တီကတစ်ဆင့် သွင်းဂိုးရထားတဲ့ အရေအတွက်က တူညီနေခဲ့တာပါ။

မက်ဆီဟာ ဒီကာလအတွင်းမှာ ပင်နယ်တီကတစ်ဆင့် (၃၁) ဂိုးသွင်းယူနိုင်ခဲ့သလို ဖရီးကစ်ကနေလည်း သွင်းဂိုး (၃၁) ဂိုးအထိ ရရှိအောင် စွမ်းဆောင်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ဂယ်ရီလိုင်နီကာက “မက်ဆီက မယုံနိုင်လောက်အောင်ကို ကောင်းမွန်နေတဲ့ ကစားသမားပဲ” လို့ ဆိုရှယ်မီဒီယာကတစ်ဆင့် မှတ်ချက်ပြုခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲပန်းမှုကြောင့် လူစားလဲပေးဖို့ တောင်းဆိုခဲ့ရပါတယ်။ ဒါ့အပြင် ဒါမျိုးဖြစ်ရပ်က နောက်ဆုံးအကြိမ် မဟုတ်ဘူးလို့လည်း မက်ဆီက ပြောကြားထားပါတယ်။

မက်ဆီရဲ့ အာဂျင်တီးနားဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘိုလစ်ဗီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲမှာတော့ အာဂျင်တီးနားလက်ရွေးစင်နည်းပြက မက်ဆီကို အနားပေးသွားဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က