လီယွန်နယ် မက်ဆီကို အခွင့်အခါသင့်တိုင်း ဝေဖန်ပြစ်တင်ဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ပီးယာ့စ် မော်ဂန်ဟာ အာဂျင်တီးနားကြယ်ပွင့်ဟာ ၎င်းရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုကို အင်စတာဂရမ်မှာ လိုတာထက်ပိုပြီး ပျော်ရွှင်ပြနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို အမာခံပရိသတ်ဖြစ်တဲ့ မော်ဂန်ဟာ ပေါ်တူဂီကြယ်ပွင့်ကို လုံးဝ ချစ်မြတ်နိုးတယ်ဆိုတဲ့အချက်ကို ဘယ်တုန်းကမှ ဖုံးကွယ်ထားခြင်းမရှိသူဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဘက်ကနေ အမြဲတမ်းရပ်တည်ခဲ့သူဖြစ်ပါတယ်။ အဲဒါကြောင့် မော်ဂန်ဟာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ GOAT အငြင်းအခုံမှာ ရှင်းလင်းတဲ့ အနိုင်ရရှိသူက တစ်ဦးသာရှိတယ်လို့ ထင်မြင်နေတာဖြစ်ပြီး လီယွန်နယ် မက်ဆီကို အခွင့်အခါသင့်တိုင်း ဝေဖန်ပြစ်တင်ဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။



လက်ရှိမှာတော့ ဗြိတိန်ရုပ်သံတင်ဆက်သူက လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားကြီးနဲ့ အိပ်ရာနိုးထလာတဲ့ အင်စတာဂရမ်ပို့စ်ကို နောက်ထပ်တစ်ကြိမ် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ "ကောင်းပြီ လီယွန်နယ်။ ငါတို့ သဘောပေါက်ပြီ။ မင်း ကမ္ဘာ့ဖလားကို အနိုင်ရခဲ့တယ်။ အခုဟာက ကမ္ဘာ့ဖလားရတာကို လိုတာထက်ပိုပြီး မင်းက ပျော်ရွှင်ပြနေတာပဲ"လို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ မက်ဆီရဲ့ အင်စတာဂရမ် စာမျက်နှာကို Screenshot ရိုက်ထားတဲ့ပုံနဲ့အတူ ရေးသားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပရိသတ်တွေဟာ ပီးယာ့စ် မော်ဂန်ရဲ့ ပြစ်တင်ဝေဖန်မှုကို လျင်လျင်မြန်မြန်ပဲ ပြန်လည်တုံ့ပြန်ခဲ့ကြပြီး "CR7 မဟုတ်လို့ အရမ်းဝမ်းနည်းနေတယ် ဟုတ်လား။ မပျော်မရွှင်ဖြစ်မနေစမ်းပါနဲ့"လို့ တွစ်တာအသုံးပြုသူတစ်ဦးက ပြောကြားခဲ့ပြီး "ခင်ဗျားက ဒီလို ပြောပြီးတော့ ခင်ဗျားဘာသာ အရှက်ရအောင် လုပ်နေတာပဲ"လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း တုံ့ပြန်ခဲ့ပါတယ်။



ပီးယာ့စ် မော်ဂန်ဟာ ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနားအသင်းကို ဗျူနို အေးရိစ်မြို့သားတွေ သောင်းသောင်းဖျဖျ ကြိုဆိုမှုကိုလည်း မနှစ်မြို့ခဲ့ပုံပေါ်ပြီး ESPN FC သတင်းက လူပေါင်း ၄ သန်းက အာဂျင်တီးနားမြို့တော် လမ်းမပေါ်မှာ လမ်းလျှောက်အောင်ပွဲခံနေတဲ့အကြောင်းကို "အဲဒီတော့ဘာဖြစ်လဲ။မြို့လူဦးရေက ၁၅ သန်းရှိတယ်။ ကျန်တဲ့ ၁၁ သန်းက အိမ်ထဲမှာ နေနေကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်လိုပဲ မာရာဒိုနာက အာဂျင်တီးနားသား GOAT လို့ ထင်နေကြတုန်းမို့လို့မဟုတ်လား"ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့တာဖြစ်ပါတယ်။

Share

က္က