နေမာကတော့ ဆော်ဒီမြေကို ရောက်သွားခဲ့ပါပြီ။

နေမာတစ်ယောက် ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တာက မက်ဆီရဲ့ အကျိုးဆက်ကြောင့်ဖြစ်ကြောင်း မီဒီယာတွေနဲ့ ပရိသတ်တွေက ခန့်မှန်းဖော်ပြနေကြပါတယ်။ နေမာအတွက် ဆော်ဒီကလပ်ဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀) ပေးချေရမှာပါ။



ဒါ့အပြင် ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင် (၂.၅) သန်း၊ နှစ်နှစ်စာချုပ်အတွက် လုပ်ခ စုစုပေါင်သန်း (၂၆၀) အထိ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ ဒီလုပ်ခလစာတွေထဲက (၅၀) ရာခိုင်နှုန်းအဖြစ် ပေါင်သန်း (၁၃၀) ကို ကြိုတင်ရရှိထားဖွယ်ရှိပါတယ်။

အကြောင်းရင်းကတော့ ဆော်ဒီကလပ်တွေဟာ ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ သူတို့ စာချုပ်သက်တမ်း တစ်ခုလုံးရဲ့ လုပ်ခလစာတွေထဲက (၅၀) ရာခိုင်နှုန်းကို ကြိုတင်ပေးချေဖို့ ဆော်ဒီလိဂ်က သဘောတူထားတာကြောင့်ပါ။ အယ်လ်ဟီလယ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ မက်ဆီကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။

ဒါပေမယ့် မက်ဆီကိုယ်တိုင်က ဆော်ဒီမြေကို ငြင်းဆန်သွားခဲ့ပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နေမာကို ပီအက်စ်ဂျီဘက်က အရောင်းစာရင်းတင်ချိန်မှာ အရခေါ်ယူဖို့ အယ်လ်ဟီလယ်တို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း မက်ဆီ ပီအက်စ်ဂျီကို ငြင်းဆန်သွားတဲ့ ရိုက်ခတ်မှုက နေမာရဲ့ အပြောင်းအရွှေ့မှာ အဓိကကျခဲ့ပြီး အခုလိုမျိုး အယ်လ်ဟီလယ်တို့ နေမာကို စံချိန်တင်လုပ်ခပေးချေပြီး ခေါ်ယူခဲ့တာပါ။ နေမာကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာက စိတ်ဝင်စားခဲ့ပေမယ့် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ မတတ်နိုင်သလို ပရီးမီးယားလိဂ်ကလပ်တွေဘက်ကလည်း ကမ်းလှမ်းဖို့ အရိပ်အယောင်မပြခဲ့ပါဘူး။ 

Share

Loading Next Article...
က္က