မက်ဆီကြောင့် လက်မှတ်ဈေးတွေ ထိုးတက်သွားခဲ့တာပါ။

မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဒ်ဘူးလ်ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ လီဘရီဟာ မက်ဆီရဲ့ အကျိုးသက်ရောက်မှုကြောင့် သူ့ရဲ့ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသခွင့်ရရှိခဲ့ကြောင်း သိရှိရပါတယ်။ လီဘရီဟာ ရက်ဒ်ဘူးလ်ရဲ့ တစ်ရာသီစာ လက်မှတ်ကို ကိုင်ဆောင်ထားတဲ့ ပရိသတ်တစ်ယောက်ပါ။



ဒါပေမယ့် အင်တာမိုင်ယာမီကို မက်ဆီ ရောက်ချိန်လာမှာတော့ ဒီအမျိုးသမီးက အင်တာမိုင်ယာမီပွဲလက်မှတ်ကို ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဆေးဖိုးဝါးခအတွက် အဆိုပါလက်မှတ်ကို ပြန်လည်ရောင်းချရာကနေ အခုလိုမျိုးပဲ အကျိုးရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ လီဘရီက “ကျွန်မက ရက်ဒ်ဘူးလ်ရဲ့ တစ်ရာသီစာလက်မှတ်ကို ဝယ်ထားတာပါ။ သူတို့ပွဲတွေကိုလည်း ကျွန်မ သွားကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီ အင်တာမိုင်ယာမီကို ရောက်လာပြီဆိုတဲ့နောက် အင်တာမိုင်ယာမီရဲ့ လက်မှတ်ဈေးနှုန်းတွေက ရူးချင်စရာကောင်းလောက်အောင်ကို မြင့်တက်လာခဲ့ပါတယ်”

“ကျွန်မ ဝယ်ထားတဲ့ တစ်ရာသီစာလက်မှတ်က ဂိုးတိုင်အနောက်က ဈေးအပေါဆုံးနေရာပါ။ အချို့လက်မှတ်တွေဆိုရင် တစ်စောင်ကို ဒေါ်လာ (၇၀၀) လောက်ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်မ ဒါကို ပြန်ရောင်းချင်ခဲ့ပါတယ်။ ကျွန်မရဲ့ ဒူးအရွတ်ကို ခွဲစိတ်ဖို့အတွက်က ဒေါ်လာ (၅၀၀) လောက် အာမခံရမှာပါ။ ဒါပေမယ့် ကျွန်မမှာ ဖြတ်ခံရဖို့ကလည်း နောက်ထပ် ဒေါ်လာ (၅၀၀) ရှိနေပြန်ပါတယ်”

“အဲ့ဒါကြောင့် ကျွန်မ ဒီလက်မှတ်ကို ပြန်ရောင်းခဲ့ပြီး ဒါကပဲ ကျွန်မရဲ့ အာမခံကိုပါ အကာအကွယ်ဖြစ်စေခဲ့ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ လီဘရီဟာ သူ့ရဲ့တစ်ရာသီစာလက်မှတ်ကို (၅၀၅) ဒေါ်လာနဲ့ ပြန်လည်ရောင်းချသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က