ပုံတွေထဲမှာ ဘောလုံးကဂိုးစည်းကို မကျော်ခင် ကွင်းအတွင်းကို အာဂျင်တီးနား အရန်ကစားသမားတွေက ရောက်ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပိုလန်လူမျိုးဒိုင်လူကြီး မာချီညပ်က အာဂျင်တီးနားရဲ့ တတိယမြောက်သွင်းဂိုးကို ခွင့်မပြုဘဲ ပယ်ဖျက်ခဲ့သင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်သွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီက လူဆေးလ်ကွင်းက ဗိုလ်လုပွဲ ၁၀၈ မိနစ်မှာ အာဂျင်တီးနားအသင်းကို ၃-၂ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး လော်တာရို မာတီနက်ဇ်ရဲ့ ကန်သွင်းချက်ကို လိုရစ် ပုတ်ထုတ်ရာကနေ လျှံထွက်လာတဲ့ဘောလုံးကို အာဂျင်တီးနားအသင်းခေါင်းဆောင်က ပိတ်သွင်းခဲ့ရာမှာ ဂိုးစည်းကို ကျော်သွားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပင်နယ်တီမှာ ပြင်သစ်ကို ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဂွန်ဇာလို မွန်တီရယ်က အာဂျင်တီးနားတွက် အဆုံးအဖြတ် သွင်းဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အများစုက လီယွန်နယ် မက်ဆီရဲ့ ဒုတိယမြောက်သွင်းဂိုးဟာ ပယ်ဖျက်ခြင်းခံခဲ့ရသင့်တယ်လို့ ခံစားခဲ့ရတာဖြစ်ပြီး ပုံတွေထဲမှာ ဘောလုံးကဂိုးစည်းကို မကျော်ခင် ကွင်းအတွင်းကို အာဂျင်တီးနား အရန်ကစားသမားတွေက ရောက်ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ IFAB ရဲ့ ဥပဒေထဲမှာ ဒိုင်လူကြီးဟာ ကွင်းထဲမှာ လူစားဝင်ကစားသမား၊ ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမား သို့မဟုတ် အသင်းတာဝန်ရှိသူ စတဲ့ လူပိုတွေရှိနေခဲ့ရင် ဂိုးကို ပယ်ဖျက်ပြီး အဲဒီလူပိုရှိနေတဲ့ နေရာကနေ အလွတ်တည်ကန်ဘောနဲ့ ပွဲကို ပြန်လည်စတင်ရမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ပြင်သစ်က အကြီးမားဆုံးသတင်းဌာနကြီးတွေထဲက တစ်ခုဖြစ်တဲ့ L'Equipe ကလည်း တရားမဝင် ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီး မာချီညပ်က ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲက စွမ်းဆောင်ရည်အတွက် ချီးကျူးခြင်းခံခဲ့ရတဲ့ မာချီညပ်က သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ ဖုန်းထဲက အမ်ဘာပေရဲ့ သွင်းဂိုး သွင်းယူခဲ့ချိန်မှာ ပြင်သစ်ကစားသမား ၇ ဦးအထိ ကွင်းထဲ ရောက်ရှိနေခဲ့တဲ့ ဓာတ်ပုံကို ပြသပြီး တုံ့ပြန်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။



"ပြင်သစ်က ဒီပုံကိုကျ ထည့်မပြောခဲ့ပါဘူး။ အမ်ဘာပေ ဂိုးသွင်းယူခဲ့တဲ့အချိန်မှာ ပြင်သစ်ကစားသမား ၇ ဦးအထိ ကွင်းထဲရောက်နေတာကို ခင်ဗျား မြင်နိုင်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်က လူတွေဟာ အရှုံးကို အခုအထိ ကောင်းကောင်း လက်မခံနိုင်သေးဘဲ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြန်လည်ယှဉ်ပြိုင်ကစားစေဖို့ လက်မှတ်ထိုးတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီစာကို ရေးသားချိန်အထိ လက်မှတ်ပေါင်း ၂ သိန်းကျော်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က