အယ်လ် ဟီလာလ်က အံ့အားသင့်ဖွယ်အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။

ဆော်ဒီ အာရေဗျကလပ်အသင်းဖြစ်တဲ့ အယ်လ် နက်ဆာဟာ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ၂ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ပြိင်ဘက်အသင်းဖြစ်တဲ့ အယ်လ် ဟီလာလ်က အံ့အားသင့်ဖွယ်အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင် ပေါ်တူဂီကြယ်ပွင့်ဟာ အရှေ့အလယ်ပိုင်းမှာ ကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကြီးမားဆုံး ကြယ်ပွင့်ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး ရော်နယ်လ်ဒို ရောက်ရှိလာမှုကြောင့် အယ်လ် နက်ဆာအသင်းရဲ့ လူသိများကျော်ကြားမှုကလည်း တမဟုတ်ချင်း မြင့်တက်ခဲ့တာဖြစ်ပါတယ်။

အယ်လ် နက်ဆာအသင်းရဲ့ တရားဝင်တွစ်တာစာမျက်နှာဟာ ပြီးခဲ့တဲ့ ၄ ရက်အတွင်းမှာ ပရိသတ်ပေါင်း ၆.၅ သန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း စံချိန်တင် ဂျာစီ ရောင်းချရဖွယ်ရှိတယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

အယ်လ် နက်ဆာအသင်းရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းကလည်း ရော်နယ်လ်ဒိုကြောင့် ပွဲဆူနေတာကို တန်ပြန်တဲ့အနေနဲ့ ၎င်းတို့ရဲ့ တရားဝင်စတိုးဆိုင်တွေမှာ လီယွန်နယ် မက်ဆီရဲ့ ဂျာစီကို အရောင်းတင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ အယ်လ် ဟီလာလ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းလေးတောင် ထွက်ခဲ့ခြင်းမရှိတာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ ပဲရစ်မှာ ဆက်နေမယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က