တစ်ကိုယ်တော်ထိုးဖောက်မှုနဲ့ ဂိုးသွင်းယူသွားတာပါ။

ဘာစီလိုနာကြယ်ပွင့် ဂါဗီဟာ အယ်လ်ချီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ လီယွန်နယ် မက်ဆီရဲ့ ပုံစံအတိုင်း အလွန်ကောင်းမွန်တဲ့သွင်းဂိုးကို သွင်းယူဖို့အတွက် မှော်ဆန်တဲ့အခိုက်အတန့်ကို ပြသခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ အင်အားကျဆင်းလာတာနဲ့ပတ်သက်ပြီး ပြောစရာ အများကြီး မရှိပေမယ့်လည်း ဂါဗီ ပေါ်ထွက်လာမှုကတော့ ဒီရာသီမှာ အဓိကတောက်ပမှုတွေထဲက တစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ စနေနေ့ညပွဲစဉ်မှာ ၎င်းရဲ့ မေးခွန်းထုတ်စရာမလိုတဲ့ ခြေစွမ်းအဆင့်အတန်းကို ပြသခဲ့ပြီး ဘာစီလိုနာအသင်းအတွက် အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ တစ်ကိုယ်တော် စွမ်းရည်နဲ့ ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။



ဘာစီလိုနာလူငယ်ကြယ်ပွင့်ဟာ ဂိုးသွင်းယူဖို့အတွက် ဂိုးရှေ့ကို တဟုန်ထိုးမပြေးလွှားခင်မှာ ၎င်းကို လူကပ်ကစားနေတဲ့ အယ်လ်ချီကစားသမားကို လှလှပပ ကျော်ဖြတ်ပြခဲ့ပြီး နောက်ထပ် အယ်လ်ချီ နောက်ခံကစားသမားတစ်ဦးကိုပါ ထပ်ကျော်ဖြတ်ပြခဲ့ပြီးနောက် ပင်နယ်တီဧရိယာထိပ်ကနေ အလွန်အားပါတဲ့ ညာခြေနဲ့ ဂိုးအောက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂါဗီရဲ့ သွင်းဂိုးဟာ ဘာစီလိုနာပရိသတ်တွေအတွက် တစ်ချိန်က ပြိုင်ဘက်ကစားသမားတွေ လူကပ်ထားတဲ့ကြားက ရအောင် ကျော်ဖြတ်ပြပြီး ဂိုးတွေ သွင်းယူခဲ့တဲ့ လီယွန်နယ် မက်ဆီကို ပြန်လည်မြင်ယောင်မိစေခဲ့ပြီး ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်ကနေ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး အကြီးအကျယ် အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

"ကောင်းလိုက်တဲ့ဂိုးကွာ။ ဒါက ဂါဗီဆီကနေ မယုံနိုင်စရာ သွင်းဂိုးပဲ။ ကိုယ့်လူရေ ကောင်းလိုက်တဲ့ဂိုး"လို့ ဘာစီလိုနာပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "ဂါဗီက ဘာစီလိုနာအတွက် မက်ဆီ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ နှစ်မှာပဲ မွေးဖွားခဲ့ပါတယ်။ သူက ကလေးငယ်တစ်ယောက်ဆိုတာ အတိအကျပါပဲ။ ဒါပေမယ့် သူ ဘောလုံးကို ကိုယ်ရည်ကိုယ်သွေး၊ ပါးနပ်မှုနဲ့ အကြောက်တရားကင်းမဲ့မှုတို့နဲ့ ကစားပြီး အဲဒါတွေက စစ်မှန်တဲ့ နည်းစနစ်ပိုင်း အရည်အချင်း၊ စစ်မှန်တဲ့ ပါရမီတွေရဲ့ ပံ့ပိုးပေးခြင်းကို ခံခဲ့ရပါတယ်။ သူ့ကိုတော့ လုံးဝ ကြိုက်တယ်"လို့ အခြားဘာစီလိုနာပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

က္က