မက်ဆီကိုချန်လှပ်ခဲ့တာပါ။

(၂၀၂၂) ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းကို မနေ့ညက ကြေညာခဲ့ပြီး ဒီစာရင်းမှာတော့ ဘလွန်းဒီအော်ဆုကို (၇) ကြိမ်နဲ့ အများဆုံးဆွတ်ခူးထားတဲ့ မက်ဆီတယောက် ချန်လှပ်ခံခဲ့ရပါတယ်။ ဘလွန်းဒီအော်ဆန်ခါတင်ဆုအတွက် ကစားသမား အယောက် (၃၀) စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာပါ။



မက်ဆီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘလွန်းဒီအော်ဆုကို နောက်ဆုံးအကြိမ်ဆွတ်ခူးထားတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပုံစံကောင်းမပြနိုင်ခဲ့တာကြောင့် အခုလိုပဲ ဆန်ခါတင်ကစားသမားစာရင်းမှာတောင် မပါဝင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ပထမဆုံးရာသီမှာ လိဂ်သွင်းဂိုး (၆) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဝေဖန်မှုတွေကိုလည်း ခါးစည်းခံခဲ့ရပါတယ်။

မက်ဆီက ဒီလိုမျိုးချန်လှပ်ခံခဲ့ရပေမယ့် တောက်လျှောက်မက်ဆီရဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒါဟာ မက်ဆီအတွက်တော့ (၂၀၀၅) နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီစာရင်းမှာ မပါဝင်လာခဲ့တာဖြစ်ပါတယ်။ (၂၀၂၂) ရဲ့ ဘလွန်းဒီအော်ဆုရှင်ဖြစ်ဖို့ ရေပန်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာကတော့ ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ (၄၆) ပွဲမှာ သွင်းဂိုး (၄၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ၊ စပိန်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဖလားအောင်ပွဲတို့မှာ ဘန်ဇီမာက အခရာကျခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဥရောပစူပါဖလားဗိုလ်လုပွဲမှာလည်း အသင်းအတွက် အနိုင်ဂိုးတဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘန်ဇီမာရဲ့နောက်မှာတော့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေ၊ လီဗာပူးတိုက်စစ်ကစားသမား ဆာလာနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာနေးတို့ ပါဝင်လာခဲ့ပါတယ်။

France Football က ထုတ်ပြန်လိုက်တဲ့ဆန်ခါတင်စာရင်းမှာတော့ အခြားသောကစားသမားတွေအနေနဲ့ ကော်တွိုက်စ်၊ ရာဖေးလ်လီယာအို၊ အန်ကွန်ကူး၊ ကင်မစ်ချ်၊ အာနိုးလ်၊ ဗီနီရှပ်စ်၊ ဘာနာဒိုဆေးလ်ဗား၊ လူးဝစ်ဒီယက်ဇ်၊ လီဝန်ဒေါစကီး၊ မာရက်ဇ်၊ ကက်စ်မဲရိုး၊ ဆွန်ဟောင်မင်၊ ဖာဘင်ဟို၊ မိုင်ဂ်နန်၊ ဟယ်ရီကိန်း၊ ဒါဝင်နူးနက်ဇ်၊ ဖိုဒန်၊ ဟော်လာ၊ မိုဒရစ်၊ ရူဒီဂါ၊ ဒီဘရိုင်း၊ ဗလာဟိုဗစ်၊ ဗန်ဒိုက်ချ်၊ ကန်ဆယ်လို၊ ဟာလန်းတို့ ပါဝင်လာခဲ့ကြောင်း သိရှိရပါတယ်။

အကောင်းဆုံးဂိုးသမားဆုအတွက်တော့ ယက်ဆိုင်းဘိုနူ၊ အယ်လစ်ဆန်၊ ကော်တွိုက်စ်၊ အီဒါဆန်၊ မိုင်ဂ်နန်၊ မန်ဒီ၊ နူအာ၊ အော့ဘလက်ခ်၊ ကီဗင်ထရပ်နဲ့ လိုရစ်တို့ ပါဝင်လာခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားကိုတော့ လာမယ့် အောက်တိုဘာ (၁၇) ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က