ဒီနေ့က မင်းသွေးရဲ့ကွယ်လွန်တာ (၁)နှစ်တိတိပြည့်တဲ့နေ့လေးပါ။ ရင်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ။
Photo : ဉာဏ
နေတိုးကတော့ သူ့ရဲ့ တစ်ဦးတည်းသော ညီလေး မင်းသွေးအတွက် နေအိမ်မှာ မိသားစုနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ပေးနေတာတွေ့ရပါတယ်။ မင်းသွေး(၁)နှစ်ပြည့် အလှူအတွက် မိသားစုနဲ့အတူ ဘုန်းကြီးများအား အလှူငွေများ ၊ သင်္ဃန်းများနဲ့ ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေပုံများကိုလည်း ဓာတ်ပုံဆရာ ဉာဏရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၃) ရက်နေ့ မနက်ပိုင်းက live လွှင့်ခဲ့တာ တွေ့ရပါတယ်။
Photo : ဉာဏ
နေတိုးတို့မိသားစုဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသွေးအတွက် လစဉ်လတိုင်း အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သလို မင်းသွေး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒများကိုလည်း ဖြည့်ဆည့် လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။ ကွယ်လွန်တာ (၁)နှစ်တိတိပြည့်သွားခဲ့ပေမယ့် မင်းသွေးရဲ့ သူငယ်ချင်းတွေ ချစ်တဲ့မိသားစုတွေနဲ့ အပေါင်းအသင်းတွေက ယနေ့ထက်တိုင် မမေ့နိုင်ခဲ့ပါဘူး။
Photo : 7th sense
မင်းသွေးဟာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း
ပရိသတ်တွေရော၊အနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ အဲ့ဒီနောက် မင်းသွေး ပါဝင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသခဲ့ပြီးအောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။ ဒီ ဇာတ်ကားတွေကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့ပြန်ပါတယ်။
photo : မင်းသွေး
မင်းသွေး ကွယ်လွန်ပြီးတဲ့နောက်မှာလည်း မိသားစုဝင်တွေက အဆက်မပြတ် အလှူအတန်းတွေ လုပ်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ အစ်ကိုဖြစ်သူ နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။