အဆိုတော် နွေးနွေးချစ်ဖွယ်က တော့ ကိုဗစ် ပထမလှိုင်းက တည်းက သူမရဲ့စီးပွားရေး အလုပ် တစ်ခုဖြစ်တဲ့ B&P Myanmar အလှကုန် လုပ်ငန်းကို စတင်လုက်ကိုင်ခဲ့ရာက အခုဆိုရင် အောင်မြင်တဲ့ အခြေအနေတစ်ခုကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။
စီးပွားရေးအလုပ်ကို ပြောင်းလဲ လုပ်ကိုင်ခဲ့တဲ့ ၂နှစ် အတွင်းမှာပဲ အ ခြေ အ နေ ကောင်းတစ်ခုကိုရောက်ရှိဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်လို့ လည်းဆိုခဲ့ပါတယ်။
" အစ်မက တော့တစ်သက်လုံး ၀ါသနာပါလာခဲ့တဲ့ကိုယ့်ရဲ့ အနုပညာလေးပဲလုပ်ချင်တာပေါ့နော်။ဒါပေမယ့်လည်း အ ခြေအ နေ အ ကြောင်းကြောင်း ကြောင့် အလုပ်တွေမရှိတော့ဘူုး။ပွဲ လမ်းသဘင်တွေ မရှိတော့ဘူး။အနုပညာလုပ်ငန်းစဉ်တွေ မရှိတော့တဲ့အခါမှာ အစ်မစဉ်းစားလိုက်တာ ။လူတစ်ယောက်က အလုပ် တစ်ခုရှိမှစိတ်မလေမှာပေါ့နော်။အဲ့ဒီ့ကတည်းဘယ်လောက်ပဲမြတ်မြတ်ဆိုပြီးကြိုးစားအားထုတ်ပြီးလုပ်ခဲ့တယ်။ကိုဗစ်ပထမလှိှုင်းတုန်းကဆိုရင် အစ်မဘယ်လောက်ပဲ ဝေးဝေး ပရိသတ်တွေဆီ အ ရောက်ပို့တယ်။ ချောင်ကြိုချောင်ကြား လည်းသွားတာပဲ။စေတနာတစ်ခုအရင်းခံပြီး ကြိူးစားအားထုတ်လိုက်တဲ့အ ခါ မှာ အချိန်ကာလတစ်ခုရောက်တော့ အကျိုးပေးလာတဲ့သ ဘောပဲ ပေါ့" လို့ လုပ်ငန်း အောင်မြင်မှု တစ်ခုရရှိခဲ့တဲ့ အ ပေါ် သူမရဲ့ ကြိူးစားအားထုတ်မှုတွေ အ ကြောင်း ပြောပြခဲ့ပါတယ်။
စီးပွားလုပ်ငန်းတစ်ခု ပြောင်းလဲလုပ်ကိုင်ရတာက အခက်အခဲတွေ ၊ ပြိုင်ဆိုင်မှုတွေ ၊ ကြိူးစားအားထုတ်ရတဲ့ အချိန်တွေ အများကြီး ရှိသလိုပဲသူမအတွက်လည်း အလုပ်အကိုင်နောက်ထပ်တစ်ခုကို ပြောင်းလဲလုပ်ကိုင် ရတဲ့အခါ တွေ့ကြုံရတဲ့အခက်အခဲ တွေကိုအများကြီးရင်ဆိုင်ခဲ့ရတယ်လို့ လည်း ဆိုပါတယ်။ သူမရဲ့စီးပွားရေးကလည်း အထိအခိုက်မခံတဲ့ Skincare ပစ္စည်းတွေ ရောင်းချ နေရတာဖြစ်တဲ့အ တွက် အရမ်းကို ပဲ တာဝန်ကြီး တဲ့အ ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။
"အစ်မ စျေးရောင်းတဲ့ နေရာမှာ မေတ္တာတရားနဲ့ ရောင်းတယ်။သစ္စာတရားနဲ့ ရောင်းတယ်။ကိုယ်ချင်းစာတရားနဲ့ ရောင်းတယ်။ကိုယ်မကြိူက်တဲ့ အရာတစ်ခုကို သူများကြိုက်နိုင်ပါ့မလား ဆိုပြီးတွေးတယ်။အစ်မက ဒီ Product တွေကို မ ရောင်းခင်မှာ ကိုယ်တိုင်စမ်းသုံးတယ်။သောက်စရာတွေပါလည်း အစ်မကိုယ်တိုင် သောက်တယ်။ လိမ်းစရာတွေရှိရင်လည်းအစ်မကိုယ်တိုင် အစ်မအသားအ ရေနဲ့ စမ်းတယ်။မလိုအပ်ရင်လည်းဘယ်သူ့ကိုမှ မဝယ်ခိုင်းဘူး။ဒီဘက်ခေတ်မှာ ပိုက်ဆံရှားတယ်။ကိုယ့်ပစ္စည်းရောင်းရဖို့ အတွက် စိတ်မထားဘဲ အဲ့လိုလေး သွားတော့ အစ်မ စေတနာထားလို့ အကျိုးပေးသန်တယ်လို့ပဲ မြင်ပါတယ်။Skincare ပိုင်းက တာဝန်ကြီးလို့ အစ်မ ရောင်းတဲ့ပစ္စည်းတွေကိုပဲ အစ်မသုံးတယ်။ဘယ်ပစ္စည်းမှအစ်မ မသုံးဘူး။အစ်မမျက်နှာ အသားအ ရေ ဘာတွေ ပြောင်းလဲ သွားလဲ ။ နေ့စဉ်ချပြတယ်" လို့ အဆိုတော် နွေးနွေးချစ်ဖွယ်က ပြောပြခဲ့ပါတယ်။
ဓာတ်ပုံ - နွေးနွေးချစ်ဖွယ်
အဆိုတော် နွေးနွေးချစ်ဖွယ် ရောင်းချပေးနေတဲ့ B&P Myanmar က Product တွေက တော့စုစုပေါင်း ၁၂မျိုးရှိပြီး Skincare /Body Care Product တွေနဲ့ အဆီကျ အူရှင်း ဆေးတွေပါ ရောင်းချ နေတာတွေ့ရပါတယ်။ စျေးနှုန်းတွေက လည်း သင့်တင့်မျှတ တာကြောင့် သာမန်လူတန်းစားတွေလည်း ဝယ်သုံးနိုင်ပြီး ပေးရတဲ့ စျေးနဲ့ ကွာလတီ တစ်ခုကို ပြန်ရမယ်လို့လည်း ပြောပြခဲ့ပါတယ်။
အဆိုတော် နွေးနွေးချစ်ဖွယ်က တော့ သရုပ်ဆောင် မြို့တော် ချစ်ဖွယ် ရဲ့ တစ်ဦးတည်းသောသမီးတစ်ဦးဖြစ်ပြီး အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ သီချင်းဆိုတဲ့အလုပ်ကိုအ ခြေအ နေ တွေ အရ ခဏတာ ရပ်နားထားပြီး စီးပွားရေးလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။