တန်ဟက်က လက်ရှိမှာ မက်တော်မီနေးရဲ့နေရာကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ၎င်းအနေနဲ့ မက်တော်မီနေးကို တိုက်စစ်မှူးအဖြစ် အသုံးမပြုချင်ဘဲ ဗက်ဟော့စ်ကိုသာ ဆက်လက်ပြီး ယုံကြည်မှုပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မက်တော်မီနေးဟာ အင်္ဂါနေ့က စပိန်ကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ စကော့တလန်အသင်းအတွက် ကွင်းလယ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြိး ၂-၀ နဲ့ အနိုင်ရရှိစေမယ့် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက် လူငယ်အသင်းမှာ ကစားခဲ့တဲ့အချိန်တုန်းက အထောင်တိုက်စစ်မှူးနေရာကို ပြောင်းလဲကစားခဲ့ဖူးပေမယ့် တန်ဟက်က လက်ရှိမှာ မက်တော်မီနေးရဲ့နေရာကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“သူက နေရာအများအပြားမှာ ကစားနိုင်ပါတယ်။ သူ့မှာ ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတာ ရှင်းပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့အတွက်လည်း သူက တကယ်ကောင်းမွန်တဲ့ အဆုံးသတ်သူပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ကွင်းလယ်ကစားသမားအနေနဲ့ပဲ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော် ဗက်ဟော့စ် လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ အသင်းထဲမှာ ရှိနေတဲ့အခါမှာ အသင်းက ပိုကောင်းကောင်း စွမ်းဆောင်နိုင်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က