မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မက်တော်မီနေးကတော့ စကော့တလန်အတွက် နိုင်ငံပွဲတွေမှာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ဆိုက်ပရပ်နဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဒီကွင်းလယ်လူဟာ မနေ့ညက စပိန်နဲ့ပွဲမှာလည်း စကော့တလန်အတွက် အနီင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ကာ အသင်းကို ယူရိုခြေစစ်ပွဲ ၂ပွဲစလုံးမှာ အမှတ်ပြည့်ရစေခဲ့ပါတယ်။
တော်မီနေးက စုစုပေါင်း ၄ ဂိုးအထိ သွင်းယူခဲ့ပြိး သူ့ရဲ့ ခြေစွမ်းပြသမှုက အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။ နာမည်ကြီးစပိန်ကို အိမ်ကွင်းမှာ ပေးဂိုးမရှိအောင် စကော့တလန်က ကစားခဲ့ပြီး ၂-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ မက်တော်မီနေးရဲ့ သွင်းဂိုးတွေက အရေးပါခဲ့ပြီး ၂ပွဲဆက်တိုက် ၁ပွဲကို ၂ဂိုးနှုန်းရရှိခဲ့တာကလည်း အားလုံးအတွက် တကယ်အံ့အားသင့်ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ ပုံမှန်ကစားခွင့်မရဘဲ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေတဲ့ မက်တော်မီနေးက လက်ရွေးစင်အသင်းမှာတော့ ထင်မှတ်မထားတဲ့ ပုံစံကို ပြသခဲ့တပါ။ ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင် အံ့အားသင့်နေခဲ့ရပြီး မက်တော်မီနေးအစစ်မှ ဟုတ်ရဲ့လားလို့တောင် မေးယူနေရပါတယ်။
လာမယ့်နွေရာသီမှာ နယူးကာဆယ်ကို ရောက်မယ်လို့ သတင်းတွေထွက်နေတဲ့ တော်မီနေးက တန်ဟက်ဂျ်လက်အောက်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှီနေတာပါ။ ပုံမှန်ကစားခွင့်ရလို့ လုံလောက်တဲ့ ခြေစွမ်းကို မပြသနိုင်ဘဲရှိနေပြီး တခါတလေမှာ သူ့ရဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေ စိတ်ပျက်နေခဲ့ရပါတယ်။ အခုတော့ တော်မီနေးက သူ့အတွက် ပုံမှန်နေရာတနေရာ ရယူဖို့အတွက် အသင့်ဖြစ်နေပြီဆိုတာကို ပြသနေခဲ့ပါပြီ။
ယူနိုက်တက်ပရိသတ်တွေကတော့ တန်ဟက်ဂျ်အရမ်းအလိုရှိနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို မလိုအပ်တော့ဘူးလို့ ပြောနေကြပါပြီ။ တော်မီနေးရဲ့ ခြေစွမ်းပြနေမှုတွေကြောင့် သူ့ကိုသာပွဲထုတ်ကစားလို့က်တော့လို့ နောက်ပြောင်နေကြပါတယ်။