ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ စက်တင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့အညီ မဲဆန္ဒရှင်ပြည်သူတွေကို ပါးစပ်နဲ့ နှာခေါင်းစည်း၊မျက်နှာအကာ၊လက်သန့်ဆေးရည်၊လက်အိတ် စတာတွေကို ဖြန့်ဝေခဲ့ရင် ရွေးကောက်ပွဲကုန်ကျစရိတ်မှာ မထည့်သွင်းဖို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကာလအတွင်းစုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးရေးတွေ ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေနဲ့ အညီ လိုက်နာဆောင်ရွက်ကြဖို့ ညွန်ကြားထားကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ ညွန်ကြားချက်တွေအရ မဲဆွယ်စည်းရုံးတဲ့အခါမှာ အဆောက်အဦးအတွင်း၊ပြင်ပနေရာတွေမှာ သတ်မှတ်ထားတဲ့ လူဦးရေ အရေအတွက်နဲ့ စုဝေးမဲဆွယ်ပွဲလုပ်တဲ့အခမ်းအနားတွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆန္ဒရှင်ပြည်သူတွေကို ပါးစပ်နဲ့ နှာခေါင်းစည်း (Mask ) ၊ မျက်နှာအကာ (Face Shield )၊ လက်သန့်ဆေးရည် (Hand Sanitizer) ၊ လက်အိတ်တွေ ဖြန့်ဝေရင် ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်းဖော်ပြဖို့ မလိုဘူးလို့ ကော်မရှင်က ထုတ်ပြန်ထားတာပါ။

အဆိုပါ မဲဆွယ်စည်းရုံးရေးအခမ်းအနားတွေကလွဲပြီး တစ်ခြားနည်းလမ်းနဲ့ မဲဆွယ်စည်းရုံးပါက မဲဆန္ဒရှင်ပြည်သူတွေကို ကျန်းမာရေးပစ္စည်းတွေ ပေးခဲ့ရင်တော့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်းသုံးစွဲနိုင်တယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို စက်တင်ဘာ (၈) ရက်နေ့က စတင်ပြီး ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပြီး လူငါးဆယ်ဦးထက် ပိုပြီး စုဝေးခွင့်မပြုဖို့၊ Stay Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ကိုလည်း ညွန်ကြားထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က