အရင်တုန်းက မလုပ်ခဲ့ဘူးဆိုရင် အခုလုပ်ပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မဲဆွယ်တုန်းက မဲဆွယ်ပြီး အခုမှ ပြန်လှည့်မကြည့်တာက သင့်တော်တဲ့ကိစ္စမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်မြို့မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

Photo- Myanmar State Counsellor Office



“ မဲဆွယ်တုန်းကတော့ မဲဆွယ်ပြီးတော့ အခုမှ ပြန်လှည့်မကြည့်ဘူးဆိုရင် လုံးဝသင့်တော်တဲ့ကိစ္စမဟုတ်ဘူး။ တိုင်းအစိုးရကို ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ဆက်ဆံပါ။ အစဉ်အမြဲထိတွေ့ဖို့ရှိပါဆိုပြီး တိုက်တွန်းတဲ့တစ်ချိန်မှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ မြို့နယ်ပြည်သူလူထုနဲ့ ထိတွေ့ဖို့ တိုက်တွန်းပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ဒေသခံတွေက လောင်းလုံမြို့နယ်ရှိ ကျွန်းတွေရှိ တာတမန်များနဲ့ ရေတံခါးများကို ပြုပြင်ဖို့ တင်ပြရာမှာ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသအစိုးရအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းဖြစ်ပြီး ၂၀၁၉-၂၀ အစိုးရအဖွဲ့ ရံပုံငွေမှာတင်ပြတောင်းခံထားပြီး ဖြစ်ကြောင်း၊ ရံပုံငွေရရှိဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက မိမိတို့မြို့နယ်က ပြည်သူလူထုနဲ့ ထိတွေဖို့ လိုအပ်ပါတယ်ဆိုပြီး ပြောကြားခဲ့တာပါ။

ဆက်လက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က” လွှတ်တော်ကောင်းတစ်ယောက်ဆိုတာ ကိုယ့်ရဲ့မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူလူထုအားလုံးက လွှတ်တော်ကိုယ်စားလှယ်ကို သိနိုင်တဲ့အခြေအနေရှိအောင်မကြာခဏ ကွင်းဆင်းဖို့ လိုအပ်ပါတယ်။ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ အရင်တုန်းက မလုပ်ခဲ့ဘူးဆိုရင် အခု လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်”  ဆိုပြီး ပြောကြားခဲ့ရာမှာ တတ်ရောက်လာတဲ့ ဒေသခံတွေက လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက တနင်္သာရီတိုင်းဒေသကြီးကိုရောက်ရှိနေပြီး မြိတ်၊ ကော့သောင်း၊ ထားဝယ်တို့မှာ လူထုတွေ့ဆုံပွဲတွေ လုပ်ခဲ့သလို ဆလုံဒေသကို လည်းသွားရောက်ပြီး ဆလုံလူမျိုးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က