နေဝင်းနဲ့ အိမ့်ချစ်ချောတို့ကတော့ ကြင်စဦး ဇနီးမောင်နှံကတော့ အခုချိန်မှာ ရင်သွေးလေးယူဖို့ မတွေးထားသေးဘူးလို့ ဆိုပါတယ်။
Photo: Li John
အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ ကြင်စဦး ဇနီးမောင်နှံ နှစ်ဦးရဲ့ မေလ(၁၇) ရက်နေ့မှာ လွှင့်ခဲ့တဲ့ Facebook Live မှာ ပျော်ပျော်ပါးပါး စကားတွေပြောရင်း ပရိသတ်တွေက ရင်သွေးလေး ရစေချင်ပြီလို့ Comment မှာ ရေးထားကြတဲ့အပေါ် အိမ့်ချစ်ချောက အခုလို ပြန်ဖြေထားတာ တွေ့ရပါတယ်။
“ ကလေးက မယူသေးပါဘူး။ မင်္ဂလာဆောင်ရင် ဗိုက်ကြီးနဲ့ ဖြစ်နေမှာ စိုးလို့ပါ။ မင်္ဂလာပွဲ လုပ်ပြီးတော့မှ ကလေး ယူဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဆိုပါတယ်။ နေဝင်းကိုယ်တိုင်ကလည်း “အမြွှာရင်သွေးလေးလိုချင်ပါတယ်” ဆိုတာကို မတ်လ ၁၆ ရက်နေ့ ည ၈ နာရီကျော်က နေဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ “မိန်းမရပြီး ပထမဆုံး Live” ဆိုတဲ့ စာသားလေးနဲ့ Live လွှင့်ရင်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။
Photo: Nay Win
အဆိုတော် နေဝင်း ကတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် Facebook Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားပြောတာဖြစ်ပါတယ်။ ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက် Stay Home ကာလမှာ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းကိုလည်း နေဝင်းရဲ့ ဇနီးချောလေး အိမ့်ချစ်ချောက အခုလို ပြောပြလာပါတယ်။
“ နှစ်ယောက်စလုံး အိမ်ရှင်းတာ ရှင်းတာ အဝတ်ပုံက ကျန်နေသေးတယ်။ ကိုယ်တွေမှာ အများဆုံးက အဝတ်အစားပဲ။ ဦးနေဝင်းဆိုတာလေ အဆိုတော် မဖြစ်ခင်က အဝတ်၊ အဆိုတော် ဖြစ်မယ့်ဆဲဆဲမှာ ဘာဝတ်ထားတယ်ဆိုတဲ့ အဝတ် အမှတ်တရပေါင်းများစွာ နဲ့ သိမ်းထားတဲ့ အဝတ်တွေဆိုတော့ ပုံးတွေ နဲ့ အများကြီး။ COVID-19 ပြီးရင် ချောတို့ နှစ်ယောက်စလုံး သွားချင်တဲ့နေရာက Beach ဆိုတော့ Beach တစ်ခုခုကို သွားမယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့။ COVID-19 ကြီး မရှိတော့ဘူးဆိုတာနဲ့ Beach သွားမယ်” လို့ဆိုပါတယ်။
Photo: Nay Win
နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဟာ ဧပြီလ(၂၅) ရက်နေ့ နေဝင်းရဲ့ မွေးနေ့မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ချစ်သူ သက်တမ်း(၁၀) နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာပါ။ နေဝင်းဟာ ဂီတလောကမှာ Rap သီချင်းတွေ ဆိုရင်း အောင်မြင်နေသူဖြစ်သလို ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ဦးဆောင်နေရသူ ဖြစ်ပါတယ်။ အိမ့်ချစ်ချောကလည်း Travel Kueen ဆိုပြီးတော့ လူသိများလှတဲ့ ခရီးသွား Blogger လေးတစ်ယောက်ဖြစ်ပါတယ်။