ချစ်စနိုးဦးကတော့ ချစ်သူနဲ့အတူ ရွှေလက်တွဲလို့ သွားခဲ့ပါပြီ။ ဒီနေ့မှာ သူတို့စုံတွဲက မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးလိုက်ပါတယ်။
Photo : စမိုင်းလ်
ချစ်စနိုးဦးကတော့ ဝါကျွတ်မှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ်လို့ ပြောထားတဲ့အတိုင်း မင်္ဂလာပွဲအတွက် ပြင်ဆင်လို့ နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာ ချစ်သူနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုတော် ဖိုးသားနဲ့ချစ်စနိုးဦးတို့ဟာ ဒီနေ့(အောက်တိုဘာ၁၆ရက်) နှစ်ဖက်မိသားစု စုံစုံလင်လင်နဲ့ lotte Hotel မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲကိုဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ အနုပညာရှင်များစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
Photo : ဥက္ကာကျော်
ချစ်စနိုးဦးတို့ စုံတွဲကတော့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို အောက်တိုဘာ(၂၀) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ(၂၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ င်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပွဲအတွက် ပြင်ဆင်နေရင်းနဲ့ အရမ်းပျော်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
‘’သူများတွေကတော့ပြောတယ်၊ ယောကျ်ားမယူနဲ့တဲ့ ဒါပေမယ့်သူများတွေတောင် ယူတာပဲနော် ကိုယ်လည်း ယူကြည့်ချင်တာပေါ့။ အခုလောလောဆယ်ကေ တာ့ အရမ်းပျော်နေပါတယ်။ အရင်တုန်းကတော့ မင်္ဂလာဝတ်စုံတွေ ဝတ်ရတာ အလုပ်အတွက်ပေါ့။ ဒါပေမယ့် ကိုယ့်ပွဲအတွက် ကိုယ်ပြင်ဆင်ရင်း စိတ်လည်းပင်ပန်းရတယ်။ ပျော်လည်း ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo : စမိုင်းလ်
သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဦးရဲ့ ချစ်သူကတော့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ ရပ်တည်နေပြီး ပရိသတ်တွေသိတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။
ချစ်စနိုးဦးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ဂီတအလုပ်ကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။