ငါးဦးကတောာ့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်မနက်က မင်္ဂလာတောင်ညွန့်မြို့နယ် အမဲဈေးရှေ့ လူမြင်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ လင်မယား ၂ ဦးကို ဓားခုတ်ခဲ့တဲ့သူ ၇ ဦးထဲက ၂ ဦးကို ဖမ်းမိထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

 

mingalar taungnyunt 1.jpg 

ကျူးလွန်သူ ဟူစိန်အပါအဝင် ၇ ဦးထဲက စက်တင်ဘာ ၂၅ ရက်မှာ ဟူစိန် (ခ) ပြည့်စုံကို ဖမ်းဆီးမိခဲ့ပြီး

စက်တင်ဘာ ၂၈ ရက်မှာ နိုင်မိုး (ခ) အဘားစလီကို ဖမ်းမိခဲ့ပြီး ကျန် ငါးဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရပါတယ်။

 

 

 

ဖြစ်စဉ်ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ဒေါ်မိမိစိုးက ခင်ပွန်းဖြစ်သူ ဇော်မင်းထွန်း (ခ) ဇော်ကြီးနဲ့ အတူ ဟိုက်ဂျက်ယာဉ်နဲ့ စံပြအမဲဈေးကို လာရာ မြယာကုန်းလမ်းနဲ့ ၁၂၃ လမ်းထိအရောက်မှာ ယာဉ် ၃ စီးပေါ်ကနေ  အမျိုးသား ၇ ဦးဆင်းလာပြီး အဆိုပါ လင်မယားနှစ်ဦး ဓားနဲ့ ဝိုင်းခုတ်ခဲ့တယ်လို့ သိရပါတယ်။

ဟူစိန်၊ဟာဆန်း၊အဘတ်စလီနဲ့ အမည်မသိ အမျိုးသား ၄ ဦး စုစုပေါင်း ၇ ဦးမှာ ဒေါ်မိမိစိုးတို့လင်မယားနှစ်ဦးနဲ့ အရင်က စကားများဖူးခဲ့သူတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဓားခုတ်ခဲ့မှုကြောင့် ဒေါ်မိမိစိုးနဲ့ ခင်ပွန်း ကိုဇော်မင်းထွန်း (ခ) ဇော်ကြီးမှာ  ခန္ဓာကိုယ်ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။

လက်ရှိတော့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၅၀၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄(ထက်သောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ အားပေးကူညီမှု)ဖြင့် ထက်သောလက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှု တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က