ခေတ်သစ်ဖောင်ဒေးရှင်းမှာ လှူခဲ့တာဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ မင်္ဂလာသက်တမ်း(၁၈) နှစ်ပြည့်အမှတ်တရ အလှူလေးလုပ်ဖြစ်တဲ့အကြောင်းပြောလာပါတယ်။ 

Photo: Khine Thin Kyi



သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်တို့ဟာ ဧပြီလ ၂၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း(၁၈) နှစ်ပြည့်ပြီလို့ သိရပါတယ်။ မင်္ဂလာနှစ်ပတ်လည် အလှူအဖြစ် ခေတ်သစ်ဖောင်ဒေးရှင်းမှာ Covid 19 ကာကွယ်ကုသရေး ပစ္စည်းတွေ လှူခဲ့တယ်လို့ ခိုင်သင်းကြည်က ဆိုပါတယ်။ 

" 24.4.2020 ဒီနေ့ကတော့မခိုင်တို့ရဲ့(၁၈) နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးပါ။ နှစ်တိုင်းအလှူလေးတွေလုပ်ပြီးပျော်ရွှင်စွာဖြတ်သန်းပါတယ်ရှင်။ ဒီနေ့အလှူအဖြစ် Covid 19 ကာကွယ်ကုသရေးအတွက် Mask 3 layers အခု ၂၀၀၀၊ PPE ဝတ်စုံ ၅၀၊ GOOGGLES အခု ၁၀၀တို့ကိုခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့်လှူဒါန်းခဲ့ပါတယ်ရှင်။ ချစ်တဲ့သူတိုင်းကျန်းမာပျော်ရွှင်ကြပါစေ" ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khine Thin Kyi

ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ဟာ ၂၀၀၂ ခုနှစ်က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးနဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ကိုခန့်နိုင်ကတော့ ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေတာ ဖြစ်သလို ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကို အခုချိန်ထိ လုပ်ကိုင်နေတုန်းပါပဲ။ သမီးလေး စံထိပ်ထားဦးကလည်း အနုပညာကို ဝါသနာပါသူဖြစ်တာကြောင့် အခုချိန်မှာ ကြော်ငြာရိုက်ကူးရေးတွေ ရိုက်နေရပြီလို့ သိရပါတယ်။ 

Photo: Khine Thin Kyi

ခိုင်သင်းကြည်ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးထားပါသေးတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူ တစ်ယောက်ပါ။ ခိုင်သင်းကြည်ဟာ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

က္က