အနုပညာ စုံတွဲလေး ဖြစ်ပါတယ်။

ဆုအိမ့်စံနဲ့ စုံတွဲပုံတွေ သိပ်မတွေ့ရတော့တဲ့အကြောင်း သူရိယက ပြောပြလာပါတယ်။ လက်ထပ်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Phto: Hsu Eaint San

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ တို့ရဲ့ စုံတွဲပုံလေးတွေကို သိပ်မတွေ့ရတော့တဲ့ အကြောင်းကို သူရိယက ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အလုပ်တွေများတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’တွေ့တဲ့အချိန်ကလည်း နည်းတယ်၊ သူကလည်း ခရီးတွေသွားနေရတာများတယ်။ ကျွန်တော်တို့တွေ အလုပ်လုပ်နေရတဲ့အတွက် မတွေ့ဖြစ်တာများပါတယ်။ ဒါကြောင့်ပါ။ လက်ထပ်ပွဲကတော့ နီးရင် ပြောပြပါ့မယ်။ ပရိသတ်တွေ လက်ခံနိုင်မယ့် ပုံစံမျိုးနဲ့ လက်ထပ်ပွဲလုပ်သွားမှာပါ။ အနုပညာအလုပ်တွေကတော့ အိမ်ထောင်ကျပြီးရင် ဘယ်လို ဆုံးဖြတ်ရမလဲ မသိသေးဘူး’’ လို့ ‘’ အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Phto: Hsu Eaint San

သူရိယက လက်ရှိမှာလည်း အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့သူပါ။ သူဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်အပေါ်ထားတဲ့ ခံယူချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’လူတစ်ယောက်က ကိုယ်အောင်မြင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုအပေါ်ပဲ မူတည်တယ်။ ကျွန်တော် ပိုက်ဆံတွေအများကြီး ရှာနေရတဲ့အချိန်မှာ ကျွန်တော် အောင်မြင်ပြီလို့ ထင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုစံနှုန်း တိုင်းတာတာခြင်း မတူကြဘူးပေါ့။ ဥပမာ ကျွန်တော်က ဒီအခြေအနေမှာ အောင်မြင်နေတယ်လို့ သတ်မှတ်ရင် အောင်မြင်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Phto: Hsu Eaint San

သရုပ်ဆောင် သူရိယနဲ့ သရုပ်ဆောင် ဆုအိမ့်စံတို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်းလိုက်ပြီလို့ သူရိယက ပြောပါတယ်။ သူတို့ ချစ်သူနှစ်ဦးဟာ ပရိသတ်အားကျရတဲ့ စုံတွဲလေး တစ်တွဲဆိုရင်လည်း မမှားပါဘူး။

‘’Happy Our Valentine’s Day မင်းမဟုတ်တဲ့ အခြားအရာတွေနဲ့တော့ ဘဝကို အိုမင်းမသွားချင်ဘူး။ ဒီနေ့ ကျွန်တော်တို့ ၂ ယောက် စေ့စပ်လိုက်ပါပြီ’’ ဆိုပြီးတော့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ် Page ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။

Phto: Hsu Eaint San

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့ တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီးပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က