ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့တဲ့ Covid 19 positive လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ဆရာဝန်တွေနဲ့သူနာပြု (၁၁)ဦးကို ဒီကနေ့ကစပြီး ဝေဘာဂီဆေးရုံမှာ Quarantine ပြုလုပ်ထားတယ်လို့ ရန်ကုန်ဆေးရုံကြီးက သိရပါတယ်။
ရောဂါလက္ခဏာရှိလို့မဟုတ်ဘဲ စိတ်ချရအောင်ဆိုပြီး အခုလို လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။
“ စိတ်ချရအောင်လုပ်တဲ့သဘောပါ။ သူနာပြုတွေကော၊ ဓာတ်ခွဲခန်းကလူတွေအားလုံးပေါင်း (၁၁)ဦးရှိပါတယ်။ အကုန်လုံးဝေဘာဂီဆေးရုံမှာပါ “ လို့ ပါမောက္ခဒေါက်တာမော်မော်ဦးကပြောပါတယ်။
အဆိုပါလူနာဟာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာနေထိုင်တဲ့ အသက်(၆၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး နှာခေါင်းကင်ဆာကို ခံစားနေရသူလည်းဖြစ်ပါတယ်။
လက်ရှိမှာသူနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁လမ်းရှိ ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down ပြုလုပ်ထားပါတယ်။ အဲဒီတိုက်တစ်တိုက်လုံးဟာ လူနာရဲ့ မိသားစုဝင်တွေပဲ နေထိုင်တာဖြစ်ပြီး အားလုံးကို အဲဒီအိမ်မှာပဲ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။