ညမထွက်အမိန့်ချိုးဖောက်သူတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီး Maskမတပ်သူတွေကိုတော့ ငွေဒဏ် ၅၀၀၀ကျပ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ည ၁၀နာရီကနေ မနက် ၄နာရီအထိ အပြင်ထွက်သွားလာခြင်း ကို ကန့်သတ်ထားပါတယ်။
ဒါပေမယ့်လည်း နိုင်ငံနှင့်အဝှမ်း တိုင်းနဲ့ပြည်နယ်တွေမှာ ညမထွက်ရအမိန့်ကို ချိုးဖောက်သူတွေ ရှိနေပြီး ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း ၂၉ဦးရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က Duwunကိုပြောပါတယ်။
“ဒီမှာတော့ ညမထွက်ရအမိန့်ချိုးဖောက်သူ ၁၉ဦးရှိပါတယ်။သူတို့ကိုတော့ သက်ဆိုင်ရာ မြို့နယ် တရားရုံးက တဆင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်လ ကျခံစေခဲ့ပါတယ်။”လို့ ဦးရန်အောင်က ပြောပါတယ်။ ဒါ့အပြင် အပြင်ထွက်သွားလာပါက နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ဖို့ ညွှန်ကြားထားမှုကို ချိုး ဖောက်သူကလည်း ၂၉ဦးထိရှိတယ်လို့သိရပါသေးတယ်။
“နှာခေါင်းစည်း (Mask)မတပ်လို့ ဖမ်းဆီးခံရတဲ့သူကလည်း ၂၉ယောက်ရှိပြီး သူတို့ကိုတော့ ဒဏ်ငွေ ၅၀၀၀စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၅၀၀၀မတတ်နိုင်သူကတော့ ထောင်ဒဏ် ၁၅ရက် ကျခံရမှာပါ။ဒါပေမယ့် အားလုံး ငွေ ကျပ် ၅၀၀၀ကို ပေးဆောင်ခဲ့ကြပါတယ်။”လို့ ဦးရန်အောင်က ဆက်လက်ပြောပါတယ်။
ရန်ကုန်မြို့မှာ ဧပြီလ ၂၃ရက် ကနေ မေလ ၁၄ရက်နေ့အထိ ညမထွက်ရ ဥပဒေဖောက်ဖျက်မှုကြောင့် ဖမ်းဆီး အရေး ယူမှု (၁၅၆) မှုရှိပြီး (၄၀၃) ဦးကို ပြစ်ဒဏ်ချမှတ်ထားတယ်လို့ ရန်ကုန်တိုင်း မှုခင်းစာရင်းဌာန အချက် အလက် အရသိရပါတယ်။