အခြေခံစားသောက်ကုန်ဆိုင်တွေနဲ့ ဆေးဆိုင်တွေကိုတော့ ဖွင့်လှစ်ထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာ ရှိတဲ့ ဈေးဝယ်စင်တာအတွင်းက အခြေခံစားသောက်ကုန်ဆိုင်တွေနဲ့ ဆေးဆိုင်တွေကလွဲလို့ ကျန်တဲ့ ဆိုင်အားလုံးကို ဒီကနေ့ မတ်လ (၃၁)ရက်နေ့ကစပြီး ယာယီပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

Covid19 ရောဂါကာကွယ်တဲ့ အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် Covid 19 ရောဂါကာကွယ်ရေးနဲ့ ထိန်းချူပ်ရေးအဖွဲ့က ညွှန်ကြားလာတဲ့ အတွက် အခုလို လုပ်ဆောင်ရတာလို့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဌေးက Duwun ကိုပြောပါတယ်။



“ ညွှန်ကြားစာအရဆိုရင်တော့ ဒီကနေ့ မတ်လ(၃၁)ရက်နေ့ကနေ ဧပြီ (၉)ရက်နေ့ထိ ပိတ်ထားရမှာပေါ့။ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာဆိုရင် ဈေးကြီးတွေအနေနဲ့ မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ ယုဇနပလာဇာ၊ ရွှေပြည်စိုး၊ ရွှေမင်္ဂလာဈေးဆိုပြီး ဈေးကြီး (၅)ခုရှိတယ်။ ဈေးတွေကို ယာယီပိတ်တယ်ဆိုပေမယ့် အခြေခံစားသောက်ကုန်ဆိုင်တွေနဲ့ ဆေးဆိုင်တွေကို ဖွင့်ထားမှာဖြစ်လို့ ဈေးဝင်ပေါက်တွေကိုတော့ ဖွင့်ထားမယ်” လို့ ဦးလှဌေးက ပြောပါတယ်။ 

ဒီကနေ့ မနက်ပိုင်းမှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ကင်ဆာရောဂါခံစားနေရတဲ့ Covid 19 အတည်ပြုလူနာတစ်ဦးသေဆုံးသွားပြီဖြစ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာတော့ Covid 19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

ယခု ယာယီပိတ်သိမ်းလိုက်တဲ့ ဈေးတွေကိုလည်း ထုတ်ပြန်ချက်အရသာ ဧပြီလ(၉)ရက်နေ့ထိ ပိတ်သိမ်းသွားမယ်ဆိုပေမယ့် နောက်ပိုင်းအခြေအနေတွေပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါလို့ ဦးလှဌေးကပြောပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က