iPhone SE 2 ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်

Apple ဟာ ပုံမှန်ဆို တစ်နှစ်ကို iPhone သစ် ၃ မျိုးပဲ မိတ်ဆက်လေ့ရှိပေမယ့် လာမယ့်နှစ်မှာတော့ အပြောင်းအလဲ လုပ်သွားဖို့ ရှိပါတယ်။

9to5Mac က လာတဲ့ သတင်းတစ်ပုဒ်အရ Apple ဟာ iPhone SE 2 အပါအဝင် iPhone သစ် ၅ မျိုးအထိ မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ နာမည်ကြီး Apple သတင်းခန့်မှန်းသူ မင်ချိကုအိုရဲ့ သုံးသပ်ချက်အရ ၂၀၂၀ ပထမ၆ လအတွင်း Apple ဟာ iPhone SE 2 ကို ကြေညာမယ်လို့ ဆိုပါတယ်။






iPhone SE 2 ဟာ မျက်နှာပြင် ၄.၇ လက်မရှိတဲ့ iPhone 8 အတိုင်း ထွက်လာဖို့ ရှိပြီး LCD display နဲ့ ထွက်လာဖို့ ရှိနေပါတယ်။ ၂၀၂၁ မှာ Lightning port လုံးဝမသုံးဘဲ ကြိုးမဲ့အားသွင်းစနစ်ချည်း support ပေးထားဖို့ရှိတဲ့ iPhone SE 2 Plus သစ်ကို မျှော်လင့်ရဦးမှာပါ။ ၂၀၂၁ ခုနှစ်မှာ ထွက်လာမယ့် iPhone တိုင်းဟာ wirless experience သီးသန့်ပေးမယ်ဆိုတဲ့ အချက်က စိတ်ဝင်စားစရာကောင်းနေပါတယ်။

iPhone SE 2 Plus မှာ မျက်နှာပြင်ဖတ်စနစ်သုံးဖို့အတွ် FaceID အစား ပါဝါခလုတ်မှာ Touch ID လက်ဗွေစနစ်သုံးပြီး All-Screen ဒီဇိုင်းနဲ့ မြင်ရဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေအားလုံးဟာ မင်ချိကုအိုရဲ့ ယူဆချက်တွေပဲ ဖြစ်ပြီး Apple ဘက်ကတော့ မှတ်ချက်ပြုပြောကြားထားခြင်း မရှိသေးပါဘူး။


Photo: 9to5mac

၂၀၂၀ ဒုတိယ ၆ လကတော့ high-end iPhone တွေ မိတ်ဆက်သွားမယ့် အချိန်ဖြစ်ပါတယ်။ ဒုတိယ ၆ လမှာ မျက်နှာပြင် ၅.၄ လက်မမော်ဒယ်တစ်မျိုး ၊ ၆.၁ လက်မ မော်ဒယ် ၂ မျိုးနဲ့ ၆.၇ လက်မမော်ဒယ်ဆိုပြီး iPhone 12 series ဖုန်းသစ် ၄ မျိုး မိတ်ဆက်မယ်လို့ မင်ချိကုအိုက ခန့်မှန်းပါတယ်။ ဒီဖုန်းသစ် ၄ မျိုးဟာ OLED display နဲ့လာပြီး 5G support ပေးလာမယ်လို့ ဆိုပါတယ်။

iPhone 12 မော်ဒယ်သစ် ၄ မျိုးရဲ့ အဓိက ကွာခြားချက်ဟာ ကင်မရာဖြစ်ဖို့ ရှိပြီး ၅.၄ လက်မနဲ့ ၆.၁လက်မ lower-end တွေမှာ dual rear cameras နဲ့ နောက်ထပ် အမြင့်မော်ဒယ် ၆.၁ လက်မနဲ့ ၆.၇ လက်မတို့ဟာ 3D ToF sensor နဲ့အတူ ကင်မရာသုံးလုံးတွဲစနစ်ကို အသုံးပြုသွားဖို့လည်း ရှိပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက OLED မော်ဒယ်ဖုန်းသစ် ၄ မျိုးစလုံးဟာ iPhone 4 ဒီဇိုင်းနဲ့ လာမယ်လို့ မင်ချိကုအိုက ခန့်မှန်းထားတာပါ။ တကယ်ပဲ ဒီခန့်မှန်းချက်တွေ မှန်မလားဆိုတာ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ၊


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က