မဟာချိုင်ဒေသမှာက ရွှေ့ပြောင်းလုပ်သား ၄ သိန်းဝန်းကျင် ပြောင်းရွှေ့လုပ်ကိုင်နေကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများဆုံး နေထိုင်မှုရှိတဲ့ ဆမွတ်ဆခွန်ခရိုင်၊ မဟာချိုင်ဒေသမှာဖွင့်ထားတဲ့ MCDC အလယ်တန်းကျောင်းကို ယခုပညာသင်နှစ်မှာ ဖွင့်လှစ်ဖို့ မဖြစ်နိုင်ဘူးလို့ရွှေ့ ပြောင်းအလုပ်သမားအခွင့်ရေးကာကွယ်ရေးကွန်ရက်(MWRN)ကသိရပါတယ်။

အဆိုပါအလယ်တန်းကျောင်းဟာထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေအတွက် မြန်မာသင်ရိုးညွှန်းတမ်းနဲ့ ဖွင့်လှစ်သင်ကြားပေးနေတဲ့ကျောင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းအစိုးရနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေရဲ့ အကူညီရရှိခြင်းမရှိတာကြောင့် ကျောင်းဖွင့်ဖို့ အခက်ခဲရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်။ "အခက်ခဲက အများကြီးဖြစ်နေတယ်။ဆရာဆရာမတွေ ဗီဇာသက်တမ်းတိုးဖို့ကိစ္စ‌တွေအပြင် ကလေးတွေဘလည်း social distancing နဲ့အညီ ဘယ်လောက်အထိလုပ်ပေးရမယ်ဆိုတာက သတ်မှတ် ချက်မငြိမ်တာလည်းပါတယ်။အဓိက,ကလေးတွေ ထိခိုက်မှာ ကြောက်တာလည်းပါတယ်" လို့ ရွှေ့ပြောင်း အလုပ်သမားအခွင့်ရေးကာကွယ်ရေးကွန်ရက်(MWRN)စီမံကိန်းဒါရိုက်တာ ဦးစိန်ဌေးကပြောပါတယ် ။

 MCDC ကျောင်း မှာ သူငယ်တန်း KG ကနေ အဌမတန်း G-9 အထိ မြန်မာသင်ရိုးနဲ့ သင်ကြားပေးနေခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းမိသားစုဝင်တွေရဲ့သားသမီး ၅၀၀ကျော်တက်ရောက်သင်ကြားနေပါတယ်။ 

"ပြန်တဲ့ကလေးအချို့လည်းရှိတယ်။ထိုင်းကဖွင့်တဲ့ LPN လိုကျောင်းတွေကလူနည်းတော့ဖွင့်တယ်။ ထိုင်းမှာလည်း အထက်တန်းကျောင်းတွေကမဖွင့်သေးပါဘူး" လို့ မဟာချိူင်ဒေသမှ မြန်မာရွှေ့ပြောင်းလုပ်သား ကိုမင်းကို ကပြောပါတယ်။ MCDC စာသင်ကျောင်းကို၂၀၁၃ခုနှစ် ဇူလိုင်လမှာ မဟာချိုင်၊ မူစီရပ်ကွက် ဝတ်ထစ်ဘုန်းတော်ကြီးကျောင်းဝန်းမှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံ နာမည်ကြီး မဲ‌ဆောက်နှင့်ရနောင်းဌာနီအထက်တန်းကျောင်းတွေလို မြန်မာနိုင်ငံပြည်တွင်းသင်ရိုးညွှန်းတန်းတွေအတိုင်း သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။ စာသင်ကြားဖို့အတွက်ကတော့ ဆရာဆရာမ ၁၇ ယောက်ရှိတယ်လို့သိရပါတယ်။ 

ထိုင်းနိုင်ငံ မဲဆောက် ၊ရနောင်း၊ မဟာချိုင်နဲ့ ဘန်ကောက်မြို့တွေမှာမြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းခန့်ရှိပြီး မဟာချိုင်ဒေသမှာက ရွှေ့ပြောင်းလုပ်သား ၄ သိန်းဝန်းကျင် ပြောင်းရွှေ့လုပ်ကိုင်နေကြပါတယ်။ 

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)

Share

က္က