နေတိုးကတော့ ၂၀၁၉ ခုနှစ်မှာရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အများကြီးဖြစ်သလို ရုံပြိုင် တင်ရတဲ့အခါမှာလည်း ပရိသတ်ကို အားနာမိတယ်လို့ ဆိုပါတယ်။ သူ့ကို ချစ်တဲ့ We Love အဖွဲ့သားတွေနဲ့လည်း ၈ နှစ်တာ ကာလကို ရောက်ရှိလာပြီလို့ပြောပါတယ်။
Photo: Nay Toe
၂၀၁၉ ခုနှစ်မှာတော့ အကယ်ဒမီ မင်းသားချော နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကားတွေက အများကြီးပါပဲ။ တစ်ခါတလေမှာ ဇာတ်ကား ၂ ကားစလုံးက ရုံအပြိုင်တင်ခဲ့တာတွေကြောင့်လည်း အားပေးတဲ့ ပရိသတ်ကို အားနာရတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် နေတိုးက ပြောပြခဲ့ပါတယ်။
“၂၀၁၉ ထဲမှာ ရိုက်ထားတဲ့ ဇာတ်ကားတွေကတော့ များတယ်။ ဇာတ်ကားကောင်းတွေကိုပဲ အများဆုံးရွေးချယ်ပြီးတော့ ရိုက်ကူးသွားမှာပဲပေါ့နော်။ အဓိက ကတော့ လောလောဆယ် ရုံတင်ဖို့အတွက် အခွင့်အရေးတွေကတော့ ရွေးချယ်တဲ့အခါမှာ ဇာတ်ကားတွေက ၂ ကားတိုက်တာတွေတော့ ရှိသွားတာပေါ့နော်။ တစ်ပတ်တည်း၊တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ၂ ကားတိုက်တာတွေရှိတဲ့အတွက် ပရိသတ်ကိုတော့ အားနာမိတယ်” လို့ ဆိုပါတယ်။
Photo: Nay Toe
နေတိုးကို ချစ်တဲ့ ပရိသတ်တွေ ထောင်ထားတဲ့ We Love Nay Toe Facebook Group ကတော့ အခုဆိုရင် ၈ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီလို့လည်း နေတိုးက ပြောပါတယ်။
“ We Love Nay Toe က ၈ နှစ်ဆိုတော့လည်း အချိန် တော်တော်လေး ကြာသွားပြီပေါ့နော်။ အခုလိုမျိုး စုစုစည်းစည်းနဲ့ ကျွန်တော့်ကို ဘယ်လိုနေရာ၊ ဘယ်လိုရုပ်ရှင်ဇာတ်ကားပဲဖြစ်ဖြစ် အကုန်လုံး ဝန်းရံပြီးတော့ အားပေးခဲ့ကြတယ်။ ချစ်ပေးခဲ့ကြတယ်။ အဲဒီအတွက် ၈ နှစ်ပြည့်ခဲ့တဲ့အချိန်မှာ အများကြီး ဝမ်းသာတယ်၊ ကျေးဇူးတင်တယ်လို့လည်း ပြောချင်ပါတယ်”လို့ သူကဆိုပါတယ်။
Photo: Nay Toe
နေတိုးဟာ မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မယ်လို့ ဆိုပါတယ်။
“ ကြောက်ကြောက်ကြောက် ၂ ဇာတ်ကားကလည်း ဟာသနဲ့ Horror ပေါင်းထားတဲ့ အရသာပါပဲ။ ကြောက်ကြောက်ကြောက် ၁ တုန်းကလည်း ဟာသနဲ့ Horror ရောထားတယ်ဆိုပေမယ့် ဒီ ၂ မှာက Horror ပိုများတယ်။ ကြောက်ကြောက်ကြောက် ၂ ကိုလည်း ၁ လိုပဲ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါသေးတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့က ဠုန်ချီ ပရိဘောဂဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Nay Toe
နေတိုးဟာ သူပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
Share