ဒီဇင်ဘာ ၉ ရက်နေ့ Motorola ရဲ့ Flagship ဖုန်းသစ် မိတ်ဆက်ပွဲမှာ ထူးထူးခြားခြား High-End ဖုန်းသစ်ကို မြင်ရတော့မှာပါ။
Motorola ဟာ Snapdragon 8 series chipset သုံး Flagship နှစ်မျိုး မိတ်ဆက်သွားဖို့ ရှိပါတယ်။ လာမယ့် ကြာသာပတေးနေ့ Motorola ဖုန်းသစ် မိတ်ဆက်ပွဲမှာ Snapdragon 888 Plus သုံး Moto Edge S30 နဲ့ နောက်ဆုံးထွက် Snapdragon 8 Gen 1 chipset သုံး Moto Edge X30 တို့ကို ကြေညာသွားဖို့ ရှိပါတယ်။ ဒီဖုန်းနှစ်လုံးထဲက Moto Edge X30 Special Edition ဟာ Under-Display ကင်မရာ နဲ့ ထွက်လာမယ်လို့ Lenovo China ရဲ့ မိုဘိုင်းထုတ်ကုန်ဌာန အထွေထွေမန်နေဂျာ ချန်ဂျင်က အတည်ပြုလိုက်ပါတယ်။
Photo: GSMArena
ချန်ဂျင်ရဲ့ အဆိုအရ Moto Edge X30 Special Edition ဟာ Snapdragon 8 ပလက်ဖောင်း အထောက်အပံ့ပေးထားတဲ့ ပထမဆုံး မှန်ပြင်အောက်ကင်မရာပါ စမတ်ဖုန်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ရိုးရိုး Moto Edge X30 လိုပဲ Snapdragon 8 Gen 1 chipset နဲ့ လာမယ်လို့ ခန့်မှန်းရပါတယ်။ တရားဝင် ပြောကြားချက်အရဆို Special Edition ဟာ ရှေ့ဘက် 60MP မှန်ပြင်အောက် ကင်မရာ သုံးသွားမယ်လို့ ဆိုပါတယ်။
Photo; sparrowsnews
Moto Edge X30 ကို ၆.၆၇ လက်မ OLED FHD+ Screen သုံး ဖုန်းတစ်လုံးအနေနဲ့ မြင်ရဖို့ ရှိပါတယ်။ Display ဟာ 144Hz Refresh Rate နဲ့လာပြီး လက်ဗွေကိုလည်း In-Screen နည်းပညာ သုံးလာမှာပါ။ ရှေ့ဘက် 60MP ကင်မရာ နဲ့ ကျောဘက် 50MP + 50MP + 2MP ဆိုပြီး သုံးလုံးတွဲကင်မရာတွေ သုံးလာဖို့ ရှိပါတယ်။ LPDDR5 RAM 16GB အထိ ပါဝင်ပြီး အမြင့်ဆုံးမော်ဒယ်ဟာ UFS 3.1 512GB Storage အထိ ထွက်လာဖို့ ရှိပါတယ်။
အကြီးစား 5000mAh ဘက်ထရီဟာ 68W Fast Charging Support ပေးထားပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 OS ကို အခြေခံထားတဲ့ My UX 3.0 ပါရှိနိုင်ပါတယ်။ ဈေးနှုန်းနဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ဒီဇင်ဘာ ၉ ရက် ဖုန်းသစ်မိတ်ဆက်ပွဲမှာ ဆက်ပြီး စောင့်ကြည့်ရမှာပါ။