ဒီတခေါက် အစားအသောက်ချစ်သူတွေကို မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးကတော့ နွေရာသီ ပူအိုက်တဲ့ကာလမှာ အေးအေးမွှေးမွှေးနဲ့စားလို့ကောင်းတဲ့အပြင် စားချင်စဖွယ်အပြင်အဆင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဟောင်ကောင်စတိုင်လ် Bubble Eggs Waffle လေးတွေကို ရောင်းချနေတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။
ဆိုင်လေးနာမည်ကတော့ Sweets &Treats ဖြစ်ပြီး Junction Square Secret Garden မှာရှိကာ လတ်တလောမှာလည်း လူငယ်တွေအကြား ပေါ်ပြူလာဖြစ်နေတဲ့ ဆိုင်လေးပါ။
လူတန်းရှည်ကြီးနဲ့ အမြဲစည်ကမ်းနေတဲ့ Sweets &Treats
ဖွင့်ထားတာ တစ်လ မပြည့်သေးပေမယ့် တိုးမပေါက်အောင် ဝယ်စားသူတွေများပြားတာကြောင့် လက်မလည် အောင်ရောင်းချနေရတဲ့ ဆိုင်ပါ။ လူငယ် ဇနီးမောင်နှံနှစ်ဦးက သူတို့ ရဲ့ အသေးစား စီးပွားရေးလေးတစ်ခုအဖြစ် စပြီး မြေစမ်းခရမ်းပျိုးကြည့်ရာက အခုလို မထင်မှတ်ထားတဲ့ အောင်မြင်မှုတစ်ခုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။
မျှော်လင့်ထားတဲ့ ပမာဏထက် ၁၀ ဆ ပိုမိုရောင်းချနေရ
ဆိုင်လေးကို စဖွင့်တဲ့ ရက်မှာ တစ်ရက်ကို မုန့်အခုရေ ၃၀ ကကနေ ၅၀ လောက်ထိသာ ရောင်းရဖို့ မျှော်လင့်ထားခဲ့ပေမယ့် မထင်ထားလောက်အောင် အာပေးမှုတွေနဲ့ တစ်ရက်ကို မုန့် အခု၃၀၀ကနေ ၅၀၀ကြားထိ ရောင်းနေရတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ဆိုင်ကို စဖွင့်တုန်းက တစ်နေ့ကို မုန့် ၃၀ကနေ ၅၀ကြားလောက်ထိပဲ ရောင်းရဖို့ မျှော်လင့်ထားခဲ့တာပါ။ အခုတော့ တစ်ရက်ကို၃၀၀ကျော်နဲ့၅၀၀ကြားထဲကိုရောင်းရလို့တကယ်ကိုမထင်ထားခဲ့တဲ့ Result တစ်ခုပါ ။ အရမ်းလည်းပျော်ပေမယ့် ကျွန်တော်တို့ အဲ့ထက်ပိုရောင်းဖို့တော့ အစီအစဥ်မရှိပါဘူး။ ဆိုင်နေရာအနေအထားနဲ့ ဝန်ထမ်းပမာဏကြောင့်ရောစက်ပစ္စည်းအခက်အခဲကြောင့်မို့နောက်ပိုင်း အော်ဒါတွေကို ကျွန်တော်တို့စိတ်မကောင်းစွာနဲ့ Cancel လုပ်ရတဲ့အတွက် တကယ်ဝမ်းနည်းပါတယ်လို့ Sweets &Treats ဆိုင်ရှင် က ပြောပြခဲ့ပါတယ်။
စိတ်ရှည်ရှည်စောင့်ပေးပါ၊ အရသာကောင်းပြီး အမြင်လှဖို့ အာမခံတယ်လို့ ဆိုလာတဲ့ ဆိုင်ရှင်
အရသာရှိရှိ နဲ့ လှလှပပ Eggs Waffle မုန့်တစ်ခုရလာဖို့ကြာချိန်က အနည်းဆုံး ၇ မိနစ်ခန့် ရှိပါတယ်။ ဒါကြောင့်လည်း စားသုံးသူတွေအနေနဲ့ စိတ်ရှည်စွာ စောင့်ပေးဖို့ကိုလည်း ဆိုင်ရှင်က တောင်းဆိုထားပါတယ်။
စက်ကနေ မုန့်ထွက်ချိန်၊ ရေခဲမုန့်နဲ့ အခြားသော လိုအပ်တဲ့ Topping တွေနဲ့ အလှဆင်ချိန်တွေကြောင့် မုန့်တစ်ခုရရှိဖို့ ၇ မိနစ် ခန့် ကြာမြင့်တာပဲ ဖြစ်ပါတယ်။ တိုးမပေါက်အောင်အားပေးကြတဲ့ ဝယ်ယူသူတွေကြောင့်နဲ့ အဆက်မပြတ် ဝင်လာနေတဲ့ အော်ဒါ တွေကြောင့်လည်း မုန့်တစ်ခုစားရဖို့ စိတ်ရှည် သည်းခံစွာစောင့်ပေးဖို့ လိုပြီး အရသာ ကောင်းကောင်းနဲ့အမြင်လှစွာထွက်လာဖို့ကတော့ ဆိုင်ဘက်က အပြည့်တာဝန်ယူတယ်လို့ဆိုပါတယ်။
အမျိုးအစားပေါင်း ၁၂ မျိုးခန့်အထိ ရှိတဲ့ Eggs Waffle လှလှလေးများ
Eggs Waffle တွေကတော့ စုစုပေါင်းအမျိူးအမည် ၁၂မျိုးရှိပြီး စျေးနှုန်းက ကျပ် ၃,၀၀၀ ကျော်ဖြစ်ပါတယ်။ လတ်တလော လူကြိုက်အများဆုံးတွေကတော့ စတော် ဘယ်ရီသီးတွေနဲ့ပြုလုပ်ထားတဲ့ Strawberry Delight ၊ချောကလက် ကြိုက်နှစ်သက်သူတွေအတွက် Chocolate Dream ၊ Oreo နှစ်ခြိုက်သူတေါအတွက် Mr.Oreo၊ Macron မှ Macron ဆိုသူတွေအတွက်လည်း Macronတွေနဲ့ပုံဖော်ထားတဲ့ Macron၊ သီးစုံတွေနဲ့ပြုလုပ်ထားတဲ့ Fruits Garden နဲ့ ကလေးတွေအတွက်အထူးစပယ်ရှယ် Kid's Favorite တို့ပဲ ဖြစ်ပါတယ်။
Sweets &Treats ဟောင်ကောင်စတိုင်လ်Bubble Eggs Waffle ဆိုင်လေးက တော့ Junction Square ရဲ့ Scret Garden ၆လွှာ မှာရှိပြီး ကွေ့တီယိုဆိုင်ဘေးကပ်ရပ်မှာ မနက် ၉နာရီခွဲကနေ ညနေ၅နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။