ဖရန့်ဖတ်နဲ့ပွဲမှာ တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။

ဒေါ့မွန်အသင်းအတွက် ဂိုးတွေကို ပစ်ဇက်၊ ဆန်ချို၊ ဟာလန်း နဲ့ ဂွာရဲရိုးတို့က သွင်းယူပေးခဲ့ကြပြီး ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းထက် တစ်ပွဲပိုကစားထားကာ တစ်မှတ်ကွာအနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ဖရန့်ဖတ်တို့ရဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒေါ့မွန်က ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဒေါ့မွန်အတွက်တော့ ၀ါဒါဘရီမင်ကို အရေးနိမ့်ခဲ့တဲ့ ပိုကယ်ဖလားပွဲပြီးနောက် နိုင်ပွဲပြန်လည်ရရှိမှုဖြစ်ခဲ့ပြီး အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ကလည်း စံချိန်ကောင်းတွေအသီးသီးရရှိခဲ့ကြပါတယ်။ 

ဒီပွဲမှာ ဒေါ့မွန်အသင်းအတွက် ဂိုးတွေကို ပစ်ဇက်၊ ဆန်ချို၊ ဟာလန်း နဲ့ ဂွာရဲရိုးတို့က သွင်းယူပေးခဲ့ကြပြီး ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းထက် တစ်ပွဲပိုကစားထားကာ တစ်မှတ်ကွာအနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီပွဲမှာ ဆန်ချိုက ဂိုးသွင်းနိုင်ခဲ့ပြီး ဒီရာသီမှာ ဒေါ့မွန်အတွက် ၁၃ဂိုးမြောက်သွင်းယူနိုင်ခဲ့ပါတယ်။ 

ဒေါ့မွန်အနေနဲ့ ဆန်ချိုဂိုးသွင်းတဲ့ ပွဲတိုင်းမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၁၈ ပွဲအထိ အနိုင်ရကာ ၅ ပွဲသရေကျတဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားပြီလည်းဖြစ်ပါတယ်။ ဒါဟာ ဆန်ချိုအတွက် ဂုဏ်ယူဖွယ်ရာမှတ်တမ်းကောင်းဖြစ်လာခဲ့ပါတယ်။ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဟာလန်းကလည်း အသင်းအတွက် ဂိုးထပ်မံရယူပေးခဲ့ပြီး စံချိန်သစ်တစ်ခုပိုင်ဆိုင်ခဲ့ပါသေးတယ်။

ဟာလန်းက ဒေါ့မွန်အတွက် မိနစ် ၂၈၀ ကစားခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ကြိမ်မှာ ၈ ဂိုးအထိပိုင်ဆိုင်ခဲ့ပါတယ်။ အသင်းအတွက် ဘွန်ဒက်လီဂါပထမဆုံးငါးပွဲကစားအပြီးမှာ ၈ ဂိုးအထိရရှိခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းကလည်း ဘွန်ဒက်လီဂါသမိုင်းမှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ဟာလန်းက ထပ်မံမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က