ဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

လီဗာပူးလ်အတွက်တော့ နောက်ဆုံးကစားထားခဲ့တဲ့ ၄ပွဲမှာ ၃ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပြီး နောက်ဆုံးနှစ်ပွဲမှာ ပေးဂိုးငါးဂိုး နဲ့ ရဂိုးလုံးဝမရှိခဲ့ဘဲ စိတ်ပျက်ဖွယ်ရာအရှုံးရလဒ်တွေနဲ့ ရင်ဆိုင်နေခဲ့ရပြီဖြစ်ပါတယ်။ 


နည်းပြယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပြန်ပါပြီ။ စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ အက်ဖ်အေပဥ္စမအဆင့်ပွဲစဉ်မှာ ချယ််လ်ဆီးက ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်တို့ ဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရကာ ရှုံးပွဲလည်း ဆက်ခဲ့ရတာဖြစ်ပါတယ်။ 

ချယ်လ်ဆီးက ဒဏ်ရာရကစားသမားတွေကလွဲရင် အဓိကကစားသမားအားလုံးပါဝင်ခဲ့ပြီး ကလော့ပ်က သူ့အသင်းကို စီနီယာအသင်းသားတချို့၊ လူငယ်ကစားသမားတချို့နဲ့ ရောစပ်ပြီး ပွဲထွက်ခဲ့ပါတယ်။ ချယ်လ်ဆီးက အိမ်ကွင်းမှာ ဖိအားပေးနိုင်ခဲ့ပြီးတော့ ပွဲချိန်၁၃ မိနစ်မှာပဲ ဝီလီယံက အဖွင့်ဂိုးသွင်းယူပေးပြီး အိမ်ကွင်းမှာ ချယ်လ်ဆီးတို့ အသာစီးရယူနိုင်ခဲ့ပါတယ်။

တစ်ပွဲလုံးမှာ ချယ်လ်ဆိးက ပိုမိုဖိအားပေးကစားနိုင်ခဲ့တာပါ။ လီဗာပူးလ်အနေနဲ့ လူမစုံရင်အဆိပ်မရှိသလို ခြေစွမ်းပိုင်းကလည်း အကျဘက်ကိုရောက်နေပြီး စတန်းဖို့ဘရစ်ချ်မှာ ဘာမှလုပ်မပြနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဘာကလေက တစ်ကိုယ်တော်စွမ်းရည်နဲ့ ဆွဲပြေးကာ ထပ်သွင်းယူခဲ့ပြီး ဒုတိယဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုကတဆင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

အဲဒီနောက်မှာ ပက်ဒရိုတစ်ဦးချင်းကန်သွင်းခွင့်ထပ်ရခဲ့ပြီး တတိယမြောက်ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဂီရော့ဒ်ရဲ့ သွင်းယူမှုကလည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ ချယ်လ်ဆီးက ဒီထက်ဂိုးမပြတ်ခဲ့တာပါ။ လီဗာပူးလ်အတွက်တော့ နောက်ဆုံးကစားထားခဲ့တဲ့ ၄ပွဲမှာ ၃ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပြီး နောက်ဆုံးနှစ်ပွဲမှာ ပေးဂိုးငါးဂိုး နဲ့ ရဂိုးလုံးဝမရှိခဲ့ဘဲ စိတ်ပျက်ဖွယ်ရာအရှုံးရလဒ်တွေနဲ့ ရင်ဆိုင်နေခဲ့ရပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က