သည်းခံနေမှာ မဟုတ်ပါဘူးတဲ့။

နေခြည်ဦးက သူမအပေါ် မဟုတ်မမှန် စွပ်စွဲပြောဆိုနေမယ်ဆိုရင် တရားစွဲမယ်လို့ ဆိုပါတယ်။ သတင်းဖြန့်နေတဲ့အပေါ်မှာလည်း သည်းခံနေမယ့်လူမဟုတ်ဘူးလို့လည်း သူမက ပြောပါတယ်။



Photo: Amazing Grace



နေခြည်ဦးဟာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့ စာတစ်ကြောင်းကြောင့် မျက်နှာပူစရာတွေ ဖြစ်ခဲ့ရပြီလို့ဆိုပါတယ်။ ဒီစာကြောင့် မဟုတ်မမှန် စွပ်စွဲပြောဆိုသူတွေကိုလည်း တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။



‘’အသေရေ ဖျက်မှု ၆၆(ဃ) နဲ့ တရားစွဲမှာပါ။ အရင် ဂယက်တွေမှာ ထင်မြင်ချက်တွေပေးပြီး ဆဲကြဆိုကြတာကို မုန်းလို့ ကြည့်မရလို့ ပြောချင်လို့ကို ပြောတာဘဲ လို့တွေးလိုက်လို့ရတယ်။ အခုကိစ္စတော်တော် လွန်ပါတယ်။ နာမည်နဲ့ပါတပ်ပြီး ကိုယ်မပြောဘဲနဲ့ စွပ်စွဲတာက ဥပဒေနဲ့ ငြိစွန်းပါတယ်။ ဒါထားလိုက်ပါ လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး’’ဆိုပြီးတော့ ဇူလိုင်လ ၁၉ရက်နေ့မနက် ၁၂ နာရီ ၃၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးက ‘’တစ်ကိုယ်လုံး fake တွေကြီးဘဲ ဘာ talent မှရှိတာမဟုတ်ဘူး ပြောတဲ့ အမကြီးက အခုတော့ ဆံပင်တုတွေနဲ့ပါလား’’ ဆိုတဲ့ စာကြောင့် တစ်ဖက်က နာမည်ကျော်မင်းသမီးတစ်ဦးကို စောင်းမြောင်း ပြောဆိုထားတယ်ဆိုပြီးတော့ Facebook Page အတုတွေကနေ တင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း နေခြည်ဦးက အရမ်းအားနာမိတယ်လို့ ဆိုပါတယ်။



‘’

်ဖက်လူကိုလဲ နေခြည်အရမ်းအားနာတာဘဲ။ အထူးသဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်နဲ့ ဒီလို မဟုတ်မမှန် သတင်းဖြန့်နေတာကို သည်းခံနေမယ့်ထဲမှာ နေခြည်ဦး မပါပါဘူး။ နေခြည့် chillies တွေလဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး။ အဲ့အတွက် အခု စောင့်ကြည့်နေပါတယ်။ ဒီထပ်ပိုဆိုးလာရင် ၆၆ (ဃ) ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲပါမယ်’’ လို့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။




Photo: Nay Chi Oo

နြေခည်ဦးဟာ ဒီလို Status တင်လိုက်တယ်ဆိုတာကလည်း သူမရဲ့ သူငယ်ချင်းနဲ့ စိတ်အခန့်မသင့်လို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး စိတ်ကောက်ရင်းက တင်လိုက်တဲ့ စာဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ ၁၈ ရက်နေ့ညက ရေးသားထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေအချင်းချင်း ရန်တွေဖြစ်ခဲ့ကြတဲ့အပေါ်မှာတော့ အံ့သြမိတယ်လို့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။



Photo: Nay Chi Oo

နြေခည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က