သတင်းအမှားတွေကြောင့် စိတ်ညစ်လို့နေပါတယ်။

ဟိန်းဝေယံကတော့ သတင်းအမှားတွေကြောင့် စိတ်ညစ်လို့နေပါတယ်။ မမှန်မကန်တဲ့သတင်းတွေကို ဆက်ပြီး မတင်ဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပေ့ချ်တော်တော်များများမှာ ဟိန်းဝေယံတစ်ယောက် ရခိုင်ပြည်နယ်တွင် ကျပ်သိန်းတစ်ထောင်ကျော် သွားရောက်လှူဒါန်းမယ်ဆိုပြီး ရေးသားထားတာတွေ ရှိလို့နေခဲ့ပါတယ်။ အဆိုပါ သတင်းဟာ မဟုတ်ကြောင်း အများပြည်သူအထင်လွဲအောင် ရေးသားဖော်ပြခြင်းတွေ မလုပ်ဖို့ ဟိန်းဝေယံက တောင်းဆိုထားပါတယ်။

“ကျွန်တော် ဟိန်းဝေယံသည် ရခိုင်ပြည်နယ်ကို ကျွန်တော့်တူလေးနှင့်အတူ ကျပ်သိန်းတစ်ထောင်ကျော်လာရောက်လှူဒါန်းရန်ရှိသည်ဟု Page တစ်ခုတွင်ရေးသားဖော်ပြထားပါသည်။တစ်ခြားသော Page များတွင်လည်း ထိုသတင်းကို Copy လုပ်၍တင်ထားကြသည်ကိုလည်းတွေ့ရှိရပါသည်။ ထိုသတင်းသည် လုံးဝ(လုံးဝ) မဟုတ်ပါဘူးခင်ဗျာ။ကျွန်တော့်ကို ဘယ်သတင်းမီဒီယာမှ မမေးဖူးသလို ကျွန်တော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှမည်သည့်သတင်းမီဒီယာများကိုမျှ ပြောဆိုဖူးခြင်း ဖြေကြားထားခြင်းမရှိပါဘူးခင်ဗျာ။ထို့ကြောင့် အများပြည်သူအထင်အမြင်လွဲနိုင်ပါသဖြင့် ထိုမဟုတ်မမှန်သောသတင်းကို မတင်ကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၃) ရက်နေ့က ရေးသားထားပါတယ်။

ဟိန်းဝေယံက လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီးဖခင်ရဲ့ စီးပွားရေးဘက်ကို ကူညီပေး နေလို့နေပါတယ်။

“အနုပညာအလုပ်လေးတွေ ခဏနားထားတယ်။ စီးပွားရေး လုပ်ဖြစ်နေတယ်။ အဖေ့ရဲ့ လုပ်ငန်းတွေကို သားတစ်ယောက် အနေနဲ့ ဝိုင်းပြီး တော့ ကူညီပံ့ပိုးပေးနေတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အဖေ့ရဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးနေသလို ကျွန်တော်ကိုယ်တိုင် လုပ်ချင်တဲ့ စီးပွားရေးတွေလည်း ရှိပါတယ်” လို့ Not Copyrighted ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

စီးပွားရေးဘက်ကို လုပ်ဖြစ်နေတယ်ဆိုပေမယ့်လည်း သူကိုယ်တိုင် ဝါသနာပါတဲ့ အနုပညာအလုပ်ကိုတော့ စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်ကို လုပ်နေရရင် ပျော်နေတဲ့ ဟိန်းဝေယံက သူရဲ့ ဇာတ်ကား တွေလည်းရုံတင်ဖို့တွေ ရှိလို့ ပရိသတ်တွေ စောင့်မျှော်ပေးပါဦးလို့ ပြောပါတယ်။

“ရုပ်ရှင်ဘက်ကိုလည်း ဆက်လုပ်မှာပါ။ ကျွန်တော့်အနေနဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကို လုပ်နေရရင်ကို ပျော်နေတာပါ။ ရုံတင်မယ့် ဇာတ်ကားတွေ ရှိတယ်။ ငါးကာခြောက်ကားလောက ်ရှိသေးတယ်။ ရိုက်တဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရိုက်ကူးထားတယ်။ ကျွန်တော်ကားတွေ ရုံပေါ် ရောက်တော့မှာပါ။ ကျွန်တော့်ကို စောင့်နေတဲ့ ပရိသတ်တွေ ကြည့်ရှုပေးပါဦး” လို့ သူက ဆိုပါတယ်။

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်းများစွာ တို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။

Share

Loading Next Article...
က္က