ရထားကို စစ်ဆေးပြီး ပြန်အဆင်းမှာဖြစ်တာပါ။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက တင်းတိမ်ရံ ဘူတာမှာ ပြီးခဲ့တဲ့ ၂၂ ရက်နေ့ညပိုင်းက လူတစ်ယောက် ရထားကြိတ်ခံရလို့ သေဆုံးခဲ့ပြီး သေဆုံးသူဟာ တင်းတိမ်ရံဘူတာရဲ့ ရုံပိုင်ကြီးဖြစ်တယ်လို့ သိရပါတယ်။



Photo - Htein Lin Sagaing



သေဆုံးသူ တင်းတိမ်ရံရုံပိုင်ကြီးဟာ ရထားကို တက်ပြီး စစ်ဆေးတာတွေပြုလုပ်ပြီ ရထားပြန်ထွက်ချိန်မှာ ခုန်ဆင်းခဲ့ပေမယ့် ချော်ကျပြီးတော့ ရထားဘီးအောက်ကို ရောက်ခဲ့တာဖြစ်တယ်လို့ နယ်မြေရဲစခန်းက တာဝန်ရှိသူက သြဂုတ်လ ၂၃ ရက်နေ့က Duwun ကိုပြောပါတယ်။



ရွှေဘို-မုံရွာ လမ်းပိုင်းမှာတည်ရှိတဲ့ တင်းတိမ်ရံဘူတာကို သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက ရောက်လာတဲ့ အမှတ် ၅၉ အဆန်ရထား ပြန်အထွက်မှာ ခုလို သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး နယ်မြေရဲစခန်းက ပြောတယ်။



သေဆုံူးသွားသူဟာ ဘူတာရုံပိုင်ကြီးဟာ ဦးကျော်ကျော် ဆိုသူဖြစ်ပြီး ဦးခေါင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးခဲ့တာကြောင့်ရေဦးဆေးရုံကိုပို့ပြီး ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် စစ်ဆေးပြီး အဲ့ဒီလူသေဆုံးမှုနဲ့ ပတ်သက်ပြီး နယ်မြေရဲစခန်းက သေမှုသေခင်း နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က