အရမ်းကို ရင့်ကျက်နေပါပြီ။

မေကဗျာ က သူမ သမီးလေးရဲ့ ရင့်ကျက်မှုတွေ အကြောင်းပြောပြလာပါတယ်။ တစ်ခါတလေမှာတောင် သမီးဆီက ပြန်သင်နေရတာတွေရှိတယ်လို့ဆိုပါတယ်။

Photo: May Kabyar



မေကဗျာ ကတော့ အရမ်းကို လိမ္မာပါးနပ်လွန်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ အိမ်ထောင်ရေးကိုလည်း သမီးလေးက အရမ်းနားလည်ပေးတယ်လို့ မီဒီယာ အင်တာဗျုးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ မေမေနဲ့ ဖေဖေ ဘာလို့ အတူမနေတာလဲ ဆိုတာကိုလည်း သူနားလည်တယ်။ ကဗျာ တို့နှစ်ယောက်ကလည်း စကားပြောတယ်၊ မိသားစုလိုပဲ သွားလာနေတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မရှိဘူး။ ဟိုဘက်မိသားစု၊ ဒီဘက်မိသားစုကလည်း အဆင်ပြေတဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်အားငယ်တာတို့တော့ မရှိဘူး။ သူက အဖေ ကိုလည်း နားလည်သလို အမေကိုလည်း သူ နားလည်ပေးတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ က ‘’နှင်းဆီလှေ’’ အငြိမ့်အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May Kabyar

အဲဒီနောက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သမီးလေးဆီကနေ သင်ယူရတဲ့အရာတွေရှိတယ်လို့ မေကဗျာက ပြောပြလာပါသေးတယ်။

‘’သူက လူကြီးဆန်တယ်။ တချို့ Comment တွေဆိုရင် ဝင်ရေးချင်တာတွေ ရေးနေတဲ့သူတွေရှိတယ်လေ။ အဲဒီအခါကျရင်ကိုယ်က ဟယ် ဘာတွေရေးနေမှန်းလဲ မသိဘူးလို့ပြောရင် သမီးလေးက မေမေရယ် သူတို့က သိမှ မသိတာ မသိလို့ရေးတာကို မေမေက ဘာဖြစ်နေတာလဲ သူက အဲဒီလိုမျိုး။ သူက ငယ်ငယ်ကတည်းက I don’t care ပဲ။ သူက ဘာမှကို မခံစားပဲနဲ့ အမေကိုတောင် လာသင်ပေးတာ သူက’’ လိုု့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: May Kabyar

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က