မိသားစုနာမည်နဲ့ အောင်ပန်းမှာ အလှူလုပ်ခဲ့ပါတယ်။

ဦးကျော်သူဟာ မိသားစုနဲ့အတူ ပြုခဲ့တဲ့ ကုသိုလ်အလှူကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။ အဲဒီနောက် ပရဟိတစေတီတော် တောင်ပေါ်မှာ သစ်ပင်တွေစိုက်ပျိုးခဲ့ကြတဲ့ နာရေးကူညီမှုအသင်း အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။


Photo: Kyaw Thu

ဦးကျော်သူက အောင်ပန်းမြို့နယ်က ပရိသတ်တွေအတွက် ပီတိဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့တာ အာဟာရအဖြစ် စားနပ်ရိက္ခာများကို ဝေငှခဲ့တာ တွေ့ရပါတယ်။

‘’ ယနေ့ အောင်ပန်း ကုသိုလ် အမျှ အမျှ အမျှယူတော်မူကြပါ’’ ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဦေးကျာ်သူ+ ဇနီးဒေါ်ရွှေဇီးကွက်နှင့် သမီး မခင်သုခ တို့ မိသားစု အလှူဒါန ဆိုပြီးတော့ မှတ်တမ်းတင် ဓာတ်ပုံလေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ ဦးကျော်သူရဲ့ ကုသိုလ်အလှူအတွက် ပရိသတ်တွေကလည်း ဝမ်းသာအားရစွာနဲ့ Comment ကနေတဆင့် သာဓု ခေါ်ဆိုခဲ့ကြပါတယ်။




Photo: Kyaw Thu

အဲဒီနောက် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားတွေနဲ့ စင်ကာပူပြန် မြန်မာအဖွဲ့တွေ ပူးပေါင်းပြီး အရိပ်ရ သစ်ပင်မျိုးစုံတို့ကိုလည်း စိုက်ပျိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီအပင်ကိုတော့ ဦးကျော်သူကိုယ်တိုင် တည်ထားခဲ့တဲ့ ပြည်မြို့ တစ်ဖက်ကမ်းက ပရဟိတစေတီတော် တောင်ပေါ်မှာ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

‘’မိုးလေးဝင်လာတော့ ပြည်တစ်ဖက်ကမ်းရှိ ပရဟိတစေတီတော်တောင်ပေါ်တွင်စိမ်းလန်းစိုပြေရေးအတွက် စင်္ကာပူပြန်အဖွဲ့နှင့်နာကူ(ရန်ကုန်)ပူးပေါင်း၍အရိပ်ရသစ်ပင်မျိုးစုံစိုက်ပျိုးရန်မြေလွှာပြုပြင်ခြင်းစတင်နေပါပြီ။ သစ်ပင်စိုက်တယ်ဆိုတာ မြေကြီးထဲ အပင်ထိုးထည့်ယုံနှင့် မရ။မြေအနေအထားအရမြေဆီ လွှာကိုပြုပြင်၍စိုက်ရမည်ဖြစ်သည်။ လာရောက်လုပ်အားဒါနပြုသူများအားလုံးကို အထူးကျေးဇူးတင်ရှိသာဓု သာဓု သာဓုဟုခေါ်ဆိုအပ်ပါသည်။ (ကျော်သူ)’’ ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: Kyaw Thu

ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေရသူ တစ်ဦးဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။



Photo: Kyaw Thu

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က