စက်တင်ဘာလ ၃ ရက်နေ့ ညက ပြန်သွားတာပါ။

ရဲမင်းပိုင် က စက်တင်ဘာလ ၃ ရက်နေ့ည ၁၁ နာရီက မြန်မာနိုင်ငံကနေ အမေရိက ကို ပြန်လည်ထွက်ခွာသွားပါပြီ။ သူပြန် သွားတဲ့ အတွက် အနုပညာ ညီအစ်ကိုမောင်နှမတွေရော၊ ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: ရဲမင်းပိုင် ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ရဲမင်းပိုင်က စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီကပဲ သူ့ရဲ့ မိသားစုတွေရှိတဲ့ အမေရိက ကိုပြန်သွားပြီဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာလည်း  ရုပ်ရှင်ဇာတ်ကား နဲ့ ဇာတ်လမ်း တိုတွေလည်း ရိုက်ကူးခဲ့သေးတယ်လို့ သိရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။

'' ခင်မင်သူတွေအားလုံးချမ်းသာစွာဘေးရန်ကင်းဝေး။  အဆင်ပြေအောင်မြင်စွာ တည်ရှိကြပါစေ ။ 3 sep 2018 ည ၁၁ နာရီ ၂ဝ 

အမိမြေ မှ ပြန်လည်ထွက်ခွာ'' ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ည ၁၁ နာရီ မိနစ် ၂၀ အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ရဲမင်းပိုင် ဖေ့စ်ဘွတ်

 

ရဲမင်းပိုင် တစ်ယောက် မြန်မာပြည်က ပြန်လည်ထွက်ခွာ သွားချိန်မှာလည်း ပရိသတ်တချို့နဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေက စိတ် မ ကောင်း ဖြစ်ခဲ့ကြပါသေးတယ်။ သူပြန်လာ ဖို့ကိုလည်း မျှော်လင့်တယ်လို့ Comment တွေပေးခဲ့ကြပါတယ်။ ရဲမင်းပိုင် အမေရိက ကို ပြန်သွား ဖြစ်တဲ့အကြောင်းကိုလည်း တပည့်ဖြစ်တဲ့ ကိုစိုင်းလုံက Duwun Media ရဲ့ မေးမြန်းဆက်သွယ်မှုမှာ အခုလို ဖြေဆိုပေးခဲ့ပါတယ်။

'' ပြန်လာဦးမှာလား ဆိုတော့ ပြောလို့ မရသေးပါဘူး ညီမရေ။ ဟိုမှာကလည်း အလုပ်တွေရှိသေးတော့ ပြန်သွားတာ။ သူ့ကား ထွက်မှပဲ ပြန် လာချင်လာမယ်လို့ ပြောတယ်။ ဒါကလည်း အခြေအနေ အရပါပဲ။ အေးမြတ်သူနဲ့ ရိုက်ထားတဲ့ ဇာတ်ကားပါ '' စိန်ခေါ်တဲ့ စိတ်'' ပါ'' ဆိုပြီးတော့ သူကပြောပါတယ်။

Photo: ရဲမင်းပိုင် ဖေ့စ်ဘွတ်

အနုပညာညီအကိုတွေနဲ့ ရေဘေးအလှူမှာ ပါဝင်ကူညီပေးခဲ့တဲ့ ရဲမင်းပိုင် 

အခုဆိုရင် ရဲမင်းပိုင်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြန်ရောက် လာ တဲ့ အချိန်မှာလည်း ရဲမင်းပိုင် ပြန်လာပြီဆိုတဲ့ ဇာတ်တလမ်းတိုလေးကို သူ့ရဲ့ ပရိသတ်တွေဆီအရောက်ပို့နိုင်ဖို့ ရိုက်ကူးခဲ့ ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် အေးမြတ်သူနဲ့ အတူ စိန်ခေါ်တဲ့ စိတ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားပါသေးတယ်။

Photo: ရဲမင်းပိုင် ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ရဲမင်းပိုင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေနဲ့ရော၊ ပရိသတ်တွေနဲ့ပါ အဆက်အသွယ် ဝေးနေခဲ့တာ ကြာပါပြီ။ သူ့ ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။

Share

Loading Next Article...
က္က