ကလေးတွေကို လေဆိပ်တောင် မခေါ်နိုင်တော့ဘူးတဲ့။

နိုင်းနိုင်းကတော့ သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့အတူ ကုန်ဆုံးခဲ့တာပါ။ New York မှာ ရှိတဲ့ မိသားစုဆီ အလည်သွားနေတဲ့ နိုင်းနိုင်းကတော့ ရန်ကုန်မှာ အလုပ်တွေ ရှိနေသေးတာကြောင့် ပြန်လာပြီလို့ ဆိုပါတယ်။

 

Photo : နိုင်းနိုင်း

နိုင်းနိုင်းကတော့ သူချစ်တဲ့ မိသားစုနဲ့ ခွဲပြီး ရန်ကုန်ပြန်လာကာ အလုပ်လုပ်ရဦးမယ်လို့ ဆိုပါတယ်။ သူပြန်လာတိုင်း ကလေးတွေက လေဆိပ်လိုက်ပို့ပေးခဲ့ပေမယ့် ဒီတစ်ခေါက် ပြန်လာချိန်မှာတော့ ကလေးတွေကို လေဆိပ်ကို မခေါ်ခဲ့နိုင်ဘူးလို့ နိုင်းနိုင်းက ပြောပါတယ်။

“ချစ်သောပရိတ်သတ်ကြီး အတွက်.. မိသားစုနှင့်တစ်လှည့်စီ အချိန်ပေးပြီး မိသားစု ဘဝလေးကိုဖြတ်သန်းရ ပါဦးမည်ဒီတစ်ခေါက် ကလေးတွေကို လေဆိပ်ကိုမခေါ်တော့ပါ။ သူတို့လေးတွေက ပြောတယ်...Daddy သူတို့ကိုထားပြီးထွက်သွားတာ မခံစားနိုင်လို့တဲ့..ကျွန်တော်လဲထပ်တူပါ...သူတို့ပြန်သွားကြည့်ပြီး မခံစားနိုင်လို့.. ဒီနှစ်ကစပြီးသူတို့လေးတွေကို လေဆိပ်ကို မခေါ်တော့တာပါ...သူတို့သိတတ်တဲ့အရွယ် ရောက်ကုန်ကြပြီလေ...'Daddy ပြန်လာခဲ့မယ်”” ဆိုပြီး စက်တင်ဘာ(၆)ရက်နေ့က နိုင်းနိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

Photo : နိုင်းနိုင်း

နိုင်းနိုင်းက မိသားစုတွေ ရှိတဲ့ New York ကို အလည်သွားနေတာ (၂)လနီးပါးလောက် ရှိနေခဲ့ပါပြီ။ကလေးတွေနဲ့ သူရဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးစေခဲ့တာပါ။ မိသားစုနဲ့အတူတူ ခရီးတွေ ထွက်သလို ကလေးတွေ ကျောင်းဖွင့်ချိန်ကျမှ မြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

Photo : နိုင်းနိုင်း

နိုင်းနိုင်းတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။

 


Share

Loading Next Article...
က္က