အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်။

New York မှာ ရှိတဲ့ မိသားစုဆီ ခဏပြန်ခဲ့တဲ့ နိုင်းနိုင်းဟာ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ရန်ကုန်ကို ပြန်လာပြီတဲ့။

Photo : နိုင်းနိုင်း FB

နိုင်းနိုင်းက New York မှာ ရှိတဲ့ မိသားစုဆီကို အလည်ရောက်ရှိနေခဲ့တာပါ။ တစ်နှစ်ကို နှစ်ခေါက်လောက် မိသားစုဆီကို ပြန်ဖြစ်တဲ့ နိုင်းနိုင်းက ဇန်နဝါရီ တစ်လလုံး မိသားစုကို အချိန်ပေးဖြစ်ခဲ့တာ တွေ့ရပါတယ်။ အခုတော့ မိသားစုနဲ့ ခွဲပြီး ရန်ကုန်ပြန်ကာ အလုပ်တွေ ပြန်လုပ်ရဦးမယ်ဆိုပြီး ဖေဖော်ဝါရီ(၂) ရက်နေ့က နိုင်းနိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။

Photo : နိုင်းနိုင်း FB

ဒီနေ့ ရန်ကုန်ပြန်ပြီး အလုပ်လုပ်ရပါဦးမည်။ ကျွန်တော်ချစ်သော မိသားစုနှင့်ခဏခွဲရပါဦးမယ်။ ကျွန်တော့်ပရိတ်သတ်များထဲမှာ ကျွန်တော့်လို ဘဝတူတွေရှိမှာပါ။ လက်တွေ့ဘဝမှာ ပျော်ရွှင်ပြီး အချိန် ကုန်တာ ကျွန်တော်ပိုပြီးနှစ်သက်ပါတယ်။ ကျွန်တော့်ပရိတ်သတ်ကြီးလဲ...လက်တွေ့ဘဝမှာ သာယာပျော်ရွှင်နိုင်ကြပါစေ.” ဆိုပြီး နိုင်းနိုင်းက ပြောထားပါတယ်။

Photo : နိုင်းနိုင်း FB

ိသားစုနဲ့အတူ ရှိနေတဲ့ အချိန်မှာလည်း သားသမီးတွေနဲ့ ဇနီးကို အချိန်ပေး ဂရုစိုက်ဖြစ်သလို မိသားစုနဲ့အတူူ ခရီးတွေ သွားနေတာတွေ့ရပါတယ်။ ၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

Photo : နိုင်းနိုင်း FB

နိုင်းနိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေတာဖြစ်သလို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း အချိန်ရရင် ရသလို သွား ရောက်နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ကြည်နူးမှုတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။

Photo : နိုင်းနိုင်း FB

နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချို တို့ဟာ ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင် းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိရင်တော့ မြန်မာနိုင်ငံကို ရောက်ရှိနေတတ်ပါတယ်။ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က