ကောင်းကောင်းဟာ သူ့ရဲ့ ပတ်ဝန်းကျင်၊ သူ့ရဲ့ မိသားစုတွေအတွက် အကောင်းဆုံး လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိသားစုကိုလည်း အချိန်ပေးရင်း ဂီတအလုပ်တွေလည်း လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။
Photo: Xiao Mei Mei
အဆိုတော် ကောင်းကောင်းရဲ့ ဂီတလှုပ်ရှားမှုတွေကိုတော့ စေ့စေ့စပ်စပ် မြင်တွေ့လာရပြီဖြစ်ပါတယ်။ သူပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးအတွက် အလုပ်တွေ ပိုကြိုးစားမယ်လို့ ဆိုပါတယ်။
‘’ဘဝသံသရာတံတားပေါ်မှာ ထွေရာလေးပါးတွေးမိပါတယ်။ ငါ့မိသားစုအပေါ်မှာ အကောင်းဆုံးကြိုးစား အသက်ရှင်တယ်။ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကောင်းအောင် ကြိုးစားအသက်ရှင်တယ်။ ပြီးတော့လူတိုင်းအပေါ် ငါ့ဘဝနေဝင်သည်အထိ ကြိုးစားရအုံးမယ်။ မှိန်နေတဲ့အလင်းရောင်လေးနဲ့ လိုနေသူတွေအတွက် မီးစာကုန်သည်အထိ လင်းနေမှာပါ။ YOU ALL’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Xiao Mei Mei
ကောင်းကောင်းရဲ့ ဂီတအနုပညာအလုပ်အပေါ်မှာလည်း ဇနီးချောလေးက အပြည့်အဝ ပံ့ပိုးကူညီအကြံပေးတာတွေရှိတယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ အရမ်းကို ပြည့်စုံတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားရသလိုပါပဲ။
‘’ရေရေလည်လည်ကောင်းပါတယ်ခင်ဗျ။ ပြောရင် ကြွားရကျဦးမယ်။ သူက ကျွန်တော့်အတွက် အရာအားလုံးပဲ။ ကျွန်တော်စားသည်ဖြစ်စေ၊ သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ သူက အမြဲတမ်းကျွန်တော့်ကို Control လုပ်ပေးနိုင်တယ်။ ကိုကို ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ ကိုကို အဲဒါပြင်ပေါ့။ သူပြင်လို့မရတာ အစားအသောက်တစ်ခုပဲရှိတယ်။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်အတွက် အရမ်းချစ်ဖို့ကောင်းပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
Photo: Xiao Mei Mei
အဆိုတော် ကောင်းကောင်းဟာ လက်ရှိမှာ သူချစ်ရတဲ့ ဇနီးလေးနဲ့ အတူ အိုမဟာလို့ ခေါ်တဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းအသစ်တွေ ဖန်တီးနေပါတယ်တဲ့။ သူ့ရဲ့ သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ ‘’ပျော်နေပါ’’ သီချင်းလေးကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။
ကောင်းကောင်းဟာ ဂီတအလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတယ်လို့ သိရပါတယ်။ ကောင်းကောင်းဟာ ၂၀၀၈ ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီး ရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။