သူမရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။

ပိုပိုဟာ မိဘတွေနဲ့ အတူတူ မနေရတဲ့ သူမအတွက်တော့ မိသားစုနဲ့အနေဝေးပြီး မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ပိုပိုကတော့ ICJ(International Court of Justice) မှာ တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားတဲ့ သူမရဲ့ သဘောထားတွေကို ပြောပြလာပါတယ်။ မြန်မာတစ်နိုင်ငံလုံးကိုယ်စား ရပ်တည်ပေးနေတဲ့သူတစ်ယောက်အတွက် ယုံယုံကြည်ကြည်ဝန်းရံမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။



“ICJ မှာ ဂမ်ဘီယာက စွဲတဲ့ကိစ္စဆိုရင် တစ်နိုင်ငံလုံးကိုစွဲတာ၊ မြန်မာပြည်သူ၊ မြန်မာပြည်သား အကုန်လုံးကိုစွဲတာ။ ပိုပို့ကိုလည်း စွဲထားတာပေါ့။ အဲဒီအချိန်မှာ အမေစုက မားမားမတ်မတ်ရပ်တည်တဲ့အမေ။ နိုင်ငံတွေကြားထဲမှာ ရင်ကော့ပြီးရပ်တည်ခဲ့တဲ့ အမေ့အတွက် ပိုပိုတို့က ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ။ သူ့ကိုယ်ကျိုးကို လုံးဝမစွန့်တတ်တဲ့ အမေ့ကို ဝိုင်းပြီးရပ်တည်မယ်လို့ယုံကြည်တယ်။ အမေ့ကို ချစ်လို့ရပ်တည်တာပါ” ဆိုပြီးတော့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

ပိုပိုဟာ မိသားစုနဲ့ အတူတူမနေရတဲ့သူဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ထဲက ခံစားချက်ကို နားလည်မိတယ်လို့ ဆိုပါတယ်။ ပိုပိုရဲ့ မိခင်ဟာ ရန်ကုန်မြို့အတွင်းမှာနေထိုင်တယ်ဆိုပေမယ့်လည်း သူမနဲ့ အတူတူ မနေဘူးလို့ ပြောပါတယ်။

“အမေ့မှာက အခု သားနှစ်ယောက်ရှိရဲ့သားနဲ့ အတူတူမနေရဘူး။ ပိုပိုလည်း အဲဒီလိုပဲ မိဘက ရန်ကုန်မြို့ကြီးထဲမှာရှိနေရဲ့သားနဲ့ အမေနဲ့အတူတူမနေရဘူး။ အဲဒီခံစားချက်က ကိုယ်တိုင်စွန့် လွှတ်ဖူးတဲ့သူပဲသိတာလေ။ ပိုပိုလည်း အဲဒီခံစားချက်ကို သိတယ်။ အမေ့ကိုတော့ ထပ်တူကိုယ်ချင်းစာမိပါတယ်” လို့လည်း ဒီဇင်ဘာလ ၁၁ ရက်နေ့က သူမရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

ICJ မှာ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ချက်အပြည့်ရှိတယ်လို့ အဆိုတော် ပိုပိုက ပြောပါတယ်။ ဆုတောင်းမေတ္တာ အမြဲပို့တယ်လို့ သူကဆိုပါတယ်။

“အမေ့ကို ယုံကြည်ပါတယ်။ အမေက သံမဏိနှင်းဆီပဲ အမေက အရမ်းစိတ်ဓာတ်ခိုင်မာပြီးတော့ အရမ်းစိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက်ပါ။ အမေ အရာအားလုံးကို ကျော်ဖြတ်နိုင်မှာပါ။ အမေက သူပစ်ချလို့ရရဲ့သားနဲ့ ပစ်မချထားဘဲနဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို ထမ်းပိုးပြီးတော့ ရှေ့ဆက်သွားနေတဲ့အချိန်မှာ အသက်ရှည်ပါစေ၊ ICJ မှာ အနိုင်ရပါစေလို့ ဆုတောင်းပါတယ်” လို့ ဆိုပါတယ်။

ပိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ မကြာခင်ရုံတင်ပြသတော့မယ့် တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က