သရုပ်ဆောင်နိုင်းနိုင်းက မိသားစုတွေရှိတဲ့ အမေရိကားမှာ နေထိုင်ခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်ရောက်ချင်းမှာ ပထမဆုံးအကြိမ် Quarantine ဝင်နေပြီလို့ သိရပါတယ်။
Photo: Actor 99
နိုင်းနိုင်းကတော့ ဇူလိုင်လအတွင်းက သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေ ရှိတဲ့ အမေရိကားကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ(၂) ရက်နေ့မှာတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး Covid ကူးစက်ရောဂါ ကာကွယ်ရေး အနေနဲ့ Quarantine ဝင်နေတယ်လို့ သူက ပြောပါတယ်။
Photo: Actor 99
နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြား အနုပညာနဲ့ ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မိသားစုနဲ့ အတူတူရှိခဲ့စဉ်က သာယာအေးချမ်း တိတ်ဆိတ်တဲ့နေရာလေးတွေကို လျှောက်လည်ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက် သားဖြစ်သူရဲ့ အသက်(၉) နှစ်ပြည့် မွေးနေ့ပွဲလေးလည်း လုပ်ခဲ့သလို မိသားစု အတူတူ အာရုံဆွမ်းကပ် ကုသိုလ်အလှူပြုခဲ့တာကိုလည်း တွေ့ရပါတယ်။
Photo: Actor 99
နိုင်းနိုင်းရဲ့ အနုပညာသက်တမ်း အနှစ် ၂၀ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။