သရုပ်ဆောင် ရွှေမှုံရတီက သူမရဲ့ ဘဝထဲကို မိသားစုဝင်အသစ် ရောက်လာလို့ ပျော်နေပါတယ်။ ရွှေထူးက ရွှေမှုံအတွက် ခွေးလေးလက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Photo : ရွှေမှုံရတီ FB
ရွှေထူးက ရွှေမှုံအတွက် မိသားစုဝင်အသစ်လေးတွေကို လက်ဆောင်ပေးခဲ့တာပါ။ ချစ်ဇနီးအတွက် ပျော်စရာတွေကို အမြဲတမ်း ဖန်တီးပေးတတ်တဲ့ ရွှေထူးရဲ့ အချစ်ကတော့ လေးစားဖို့ကောင်းလှပါတယ်။ အခုလည်း ရွှေမှုံအတွက် ခွေးလေးလက်ဆောင်ပေးခဲ့ပါတယ်။ ရွှေမှုံတစ်ယောက် ရွှေထူးရဲ့ လက်ဆောင်ကြောင့် အပျော်ကြီးပျော်လို့နေပါတယ်။
Photo : ရွှေမှုံရတီ FB
နားလည်မှုတွေနဲ့ တည်ဆောင်ထားတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးလေးဟာပရိသတ်တွေ အားကျရလောက်တဲ့အထိကို ကြည်နူးဖို့ ကောင်းလှပါတယ်။သူတို့နှစ်ယောက်စလုံးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေကြပါပြီ။ ရွှေမှုံရတီလည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။
Photo : ရွှေမှုံရတီ FB
သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။
Photo : ရွှေမှုံရတီ FB
ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူြပုလုပ်ခဲ့ပါတယ်။
မင်္ဂလာဧည့်ခံပွဲကိုတော့ နိုဝင်ဘာ(၁၁) ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ချစ်တဲ့အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။