ခိုင်နှင်းဝေက သူမအတွက်တော့ နောက်ထပ်ချစ်ရမယ့် သမီးလေးတစ်ယောက်တိုးလာလို့ ပျော်ရွှင်နေပါတယ်။ သူမကိုယ်တိုင် မွေးစားထားတဲ့ သားသမီးလေးတွေအတွက် အလုပ်တွေ ပိုကြိုးစားသွားမယ်လို့ ဆိုပါတယ်။
Photo: Khin Hnin Wai
ခိုင်နှင်းဝေက ၂၀၁၈ ခုနှစ်အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးရဲ့ ကျန်းမာရေးအတွက် အပြည့်အဝ စောင့်ရှောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဲဒီကိုယ်ဝန်ဆောင်မိန်းကလေးဟာ ဧပြီလ ၃ ရက်နေ့မှာပဲ ၇ ပေါင်နဲ့ ၁၁ အောင်စရှိတဲ့ သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ခိုင်နှင်းဝေကိုယ်တိုင်က လည်း အရမ်းကို ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
‘’ဝမ်းနဲ့လွယ်မမွေးရတဲ့သမီးလေးလူ့လောကထဲရောက်လာလို့ အေးချမ်းတဲ့မေတ္တာတွေနဲ့ကြိုဆိုရင်း ဘဝအမောတွေပြေခဲ့ရပါတယ်ရှင်။ မိခင်ရောကလေးပါကျန်းမာလို့ တစ်မျိုးစိတ်ချမ်းသာခဲ့ရပါတယ်။ ဘဝမှာဘယ်အရာမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ကျွန်မကလေးတွေရဲ့အနာဂတ်အတွက် ကျွန်မမှာရှိတဲ့ဉာဏ်၊ ခွန်အားတွေအစွမ်းကုန် အသုံးပြုလို့ ကြိုးစားသွံားမယ်’’ လို့ ဆိုပါတယ်။
Photo: Khin Hnin Wai
ခိုင်နှင်းဝေက လက်ရှိမှာ သူမကိုယ်တိုင် မွေးစားထားတဲ့ ကလေးတွေလည်းရှိပါတယ်။ ဒီကလေးတွေဟာ သူမရဲ့ ကြိုးစားမှုတွေအတွက် အင်အားတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
‘’ကျွန်မကို တိုက်ခိုက်သူတွေ၊ လဲပြိုစေချင်သူတွေ၊ အထင်သေးသူတွေကိုလဲကျေးဇူးအထူးတင်ပါတယ်။ ကျွန်မ ပိုပြီးကြံ့ခိုင်သန်မာတဲ့စိတ်တွေဖြစ်လာစေဖို့တွန်းအားပေးတယ်လို့ပဲ မှတ်ယူထားတဲ့အတွက် အတိုက်အခိုက်အတားအဆီးများလေ ကျွန်မကခွန်အားအဖြစ်ပဲပြောင်းလဲယူတတ်တဲ့အတွက် ကျွန်မ ကလေးတွေရဲ့အပြုံးလေးတွေမြင်လိုက်ရင် အဲဒီစိတ်ဖိစီးမှုတွေက အကုန်ပျောက်ကုန်ပါတယ်။ ကျွန်မအတွက် အရာအားလုံးအေးဆေးပါ’’လို့ ဧပြီလ ၄ ရက်နေ့ ည ၇ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။
Photo: Khin Hnin Wai
ခိုင်နှင်းဝေဟာ ပရဟိတအကျိုးတွေ သယ်ပိုးဆောင်ရွက်နေသူဖြစ်ပေမယ့် အတိုက်အခိုက်တွေကြားကမှ အကောင်းဆုံးဖြစ်အောင် ရပ်တည်နေရတဲ့ ခံစားချက်ကို ပြောလာပါတယ်။
‘’ဘယ်သူမှမရှိတဲ့တစ်ယောက်တည်းမွေးလာခဲ့တဲ့ ကျွန်မဘဝ ဘယ်သူမှ ကျွန်မအနားမရှိလည်း ကျွန်မ ဘဝအေးဆေးပါ။ ဘဝရဲ့နောက်ထပ် စိန်ခေါ်မှုတွေကိုလည်း ကျွန်မ ရင်ဆိုင်ဖို့ အသင့်စောင့်နေပါ တယ်။ဘယ်လိုအရာကမှကျွန်မကို စိတ်ဓါတ်မကျလဲမပြိုစေခဲ့တာမို့ နစ်နာအောင် တိုက်ခိုက်ချင်သူများ၊ နောက်ကွယ် အတင်းပြောချင်သူများ၊ ကျွန်မကို အထင်သေးသူများ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဆက်လက်တိုက်ခိုက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်’’ လို့ ဆက်လက်ရေးသားထားပါတယ်။
Photo: Khin Hnin Wai
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက် ပေး ဖြစ် တယ် လို့ သိရပါတယ်။
Share