ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၃ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သမဂ္ဂအဖွဲ့ဝင်တစ်ယောက်က Duwun ကိုပြောပါတယ်။
Photo - YDNB Oway Channel
"နိုင်ငံတော်အကြည်ညိုပျက်စေမှု၅၀၅(ခ)၊တာဝန်ဝတ္တရားနှောက်ယှက်မှု ၃၅၃၊ အားပေးကူညီမှု ၁၁၄၊ငြိမ်းစုစည်၁၉၊ ၄၃၅မီးရှို့ဖျက်စီးမှုဆိုပြီး ၅ မှုနဲ့ တရားစွဲထားတာပါ။ အခုတော့ အိုးဘိုထောင်ကိုပို့လိုက်ပြီလို့သိရပါတယ်။"လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကအဖွဲ့ဝင် တစ်ယောက်က Duwun ကို အတည်ပြုပါတယ်။
ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအနေနဲ့ကတော့ ကျောင်းရဲ့လုံခြုံရေးကိုတိုးမြှင့်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လည် ၁ နာရီလောက်က ရတနာပုုံတက္ကသိုုလ်ကျောင်းသားသမဂ္ဂရုုံးခန်းကိုု ကျောင်းအာဏာပိုုင်များက ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂက ကျောင်းသား ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ကျောင်းသာ သမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော် ကိုရဲမင်းထွန်း ကိုရဲမျိုးဆွေ တို့ ၃ ဦးကိုု ရဲတပ်ဖွဲ့က မန္တလေးမြို့ အမှတ် ၁၀ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ရတနာပုံတက္ကသိုလ်ကျောင်းသား တစ်ယောက် အသတ်ခံရပြီးနောက် တက္ကသိုုလ်တွေမှာ လုံခြုံရေးတိုးမြှင့်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့ပေမယ့် လုပ်ဆောင်မပေးတာကြောင့် ဆန့်ကျင်တဲ့ အနေနဲ့ အာဏာပိုုင်တွေရဲ့ အသုုဘအခမ်းအနားနဲ့ တူတဲ့ ဆန္ဒပြမှုတစ်ရပ် ကိုကျင်းပခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။